မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဟန်နိုဗာနဲ့ ကိုလုံးအသင်းတို့ တဖက်နဲ့တဖက် ဂိုးမရှိ သရေကျသွားပါတယ်။
ကိုလုံးအသင်းအတွက်တော့ ၆ ပွဲကစားရမှာ ပထမဆုံးအနေနဲ့ သရေကျပြီး တမှတ်ရသွားပါတယ်။
အိမ်ရှင် ဟမ်းဘတ်အသင်းက ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ဒီပွဲသရေကျလို့ ကိုလုံးအသင်းလည်း အရှုံးသံသရာကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ဟန်နိုဗာအသင်းကတော့ ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး ကိုလုံးအသင်းကတော့ ၁ မှတ်နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။
4 years Ago