ကိုလီဘာလီ

June 9, 2019

နာပိုလီခံစစ်မှူး ကိုလီဘာလီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင် ၈၄ သန်းအထက် အသုံးပြုပြီးတော့ နာပိုလီခံစစ်မှူး ကိုလီဘာလီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီကစားသမားဟာ ယခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်အထိ ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။ ကိုလီဘာလီဟာ နည်းပြအိုလီဂန်နာ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်နံပါတ် ခေါ်ယူမယ့် ကစားသမားဖြစ်တယ်လို့ သိရပြီး ခံစစ်အင်အားတောင့်တင်းဖို့ ခေါ်ယူလိုနေတာပါ။ ကိုလီဘာလီဟာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်း တန်ကြေးပေါင် ၁၃၃ သန်းတန်ကြေး ရှိနေပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်ကျန်ရှိနေပါတယ်။ နာပိုလီဥက္ကဋ္ဌ လော်ရန်းတစ်ကတော့ ပေါင် ၈၉ သန်း အနည်းဆုံးပေးမှ ရောင်းချနိုင်မယ်လို့ ကြေညာထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့လည်း ကြိုးပမ်းနေပေမယ့် ခေါ်ယူမယ့်အသင်းတွေ များပြားနေတာကြောင့် အခက်တွေ့နေပြီး နာပိုလီနောက်ခံလူဘက်ကို မြားဦးလှည့်လာဖို့ရှိနေပါတယ်။
3 years Ago

March 25, 2019

နာပိုလီနောက်ခံလူ ကိုလီဘာလီကို ပေါင်သန်း ၁၃၀ ထိပေးပြီးခေါ်ရန် ဥရောပအသင်းများ စိတ်ဝင်စား

နာပိုလီအသင်းရဲ့ နောက်ခံကစားသမား ကိုလီဘာလီကို ဥရောပ ထိပ်သီးကလပ်တွေက ပေါင်သန်း ၁၃၀ ထိပေးပြီး ခေါ်ယူဖို့ ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ဆီနီဂေါနောက်ခံလူ ကိုလီဘာလီိကို ပြီးခဲ့တဲ့ ရာသီကတည်းက ဥရောပ ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီး အစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ မျက်စိကျနေတာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ဂန့်ခ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အဲဒီနောက်ခံလူဟာ နာပိုလီ အသင်းအတွက် ၁၉၂ ပွဲ ကစားပေးထားခဲ့ပြီး အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ဖြစ်တာကြောင့် ဥက္ကဋ္ဌဖြစ်သူ အော်ရယ်လီယို လောရန်းတစ်စ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ရရှိမှသာ အသင်းကနေ ထွက်ခွာခွင့်ပေးလိုကြောင်း ပြောကြားထားပါတယ်။ ကိုလီဘာလီဟာ လက်ရှိအချိန်မှာတော့ အီတလီမြေမှာ လူမျိုးရေးခွဲခြားမှု ခံနေရတာကြောင့် အသင်းကနေ ထွက်ခွာလိုနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
3 years Ago
Up