ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော်

A d v e r t i s e m e n t With Us

November 7, 2015

ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော် (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တော်မှာ နိုဝင်ဘာ ၆ ရက်နေ့က ကိုရီးယားကင်မ်ချီပွဲတော်ကို လူ ၂ ထောင်လောက် တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီကိုရီးယားရိုးရာ ကင်မ်ချီ ဂေါ်ဖီထုပ်ချဉ်ဟာ ၂၀၁၃ ခုနှစ်မှာ ကုလသမဂ္ဂ အထိန်းအသိမ်းခံ ရိုးရာအမွေအနှစ် စာရင်းသွင်းခံခဲ့ရပါတယ်။ အခုပွဲတော်ဟာ ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂအမွေအနှစ်စာရင်း အသွင်းခံရတာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာလို့ ပွဲတော်စီစဉ်ကျင်းပသူတဦးက ပြောဆိုပါတယ်။ နိုင်ငံခြားသူ ၁၀၀၀ လောက်ပါဝင်ပြီး ပါဝင်တက်ရောက်သူအားလုံး ၂ ထောင်လောက်ရှိတယ်လို့လည်း ပြောဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်နိုင်ငံသူတဦးက ဒီ ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော်ဟာ ကြီးကျယ်ခမ်းနားပြီး ပျော်စရာကောင်းတယ်။ သူ ပါဝင်ခွင့်ရတာ ၀မ်းသာတယ်လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကိုရီးယားသူတဦးကလည်း သူတို့လုပ်တဲ့ ကင်မ်ချီတွေကို မိသားစုတွေကို လိုက်လံဝေငှတာ ပျော်စရာကောင်းတယ်။ နောက်နှစ်တွေ လည်း ကျင်းပခွင့်ရရင် ပါဝင်မယ်လို့ပြောဆိုပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့က ပွဲတော်က ထွက်တဲ့ကင်ချီအားလုံး ၂၅ တန်ကျော် ရရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တနှစ်ကို ကင်မ်ချီတန်ချိန် ၁ သန်းခွဲလောက် ထုတ်လုပ်စားသုံးတယ်လို့ ကမ္ဘာ့ကင်မ်ချီအဖွဲ့ချုပ်က ပြောဆိုပါတယ်။
5 years Ago
Up