ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပေါ်နိုင်သည့် ဆွေးနွေးပွဲအတွက် တရုတ်အစိုးရ ကြိုဆို

January 3, 2018

ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပေါ်နိုင်သည့် ဆွေးနွေးပွဲအတွက် တရုတ်အစိုးရ ကြိုဆို

ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပေါ်နိုင်တဲ့ ဆွေးနွေးပွဲတွေအတွက် တရုတ်အစိုးရက  ဇန်နဝါရီ ၂ ရက်နေ့မှာ ကြိုဆိုထောက်ခံလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် GENG SHUANG က “ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့နဲ့ ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား အားကစားသမားတွေ ယှဉ်ပြိုင်ခွင့်ရဖို့နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ အပြုသဘောဆောင်တဲ့ သတင်းထုတ်ပြန်ချက်တွေ ပြုလုပ်တာကို တရုတ်အစိုးရက သိရှိပြီးပါပြီ။ ဒါတွေဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့၊ တင်းမာမှု လျော့ပါးဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ဖို့ အခွင့်အရေး တရပ်အဖြစ် စိတ်အားထက်ထက်သန်သန် ကြိုးပမ်းနေတဲ့ ကိုရီးယားနှစ်နိုင်ငံကို တရုတ်အစိုးရက ကြိုဆိုထောက်ခံပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့ပြီး ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ကမ်းလှမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up