ကိုရီးယားဒါရိုက်တာ လိင်တူစုံတွဲ လက်ထပ်ခွင့်လျှောက်ထားမှု တရားရုံးမှ ပယ်ချ

May 27, 2016

ကိုရီးယားဒါရိုက်တာ လိင်တူစုံတွဲ လက်ထပ်ခွင့်လျှောက်ထားမှု တရားရုံးမှ ပယ်ချ

တောင်ကိုရီးယား ဒါရိုက်တာတဦးဟာ သူ့ရဲ့ အတူနေချစ်သူတဦးနဲ့ တရားဝင် လက်ထပ်လိုမှု လျှောက်ထားချက်ကို ခရိုင်တရားရုံးက မေလ ၂၅ ရက်နေ့မှ ပထမအကြိမ် ပယ်ချလိုက်တယ်လို့  ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ကိုရီးယားဒါရိုက်တာ ကင်မ်ဂျိုဟွမ်ဆိုးဟာ အတူနေ လိင်တူချစ်သူ ကင်မ်ဆောင်ဟွမ်နဲ့ ကာလရှည်ကြာ နေထိုင်ခဲ့ကြပြီးနောက် တရားဝင်လက်ထပ်ခွင့် ဦးတိုက်လျှောက်ထားချိန်မှာ ခုလို ပယ်ချခံလိုက်ရတာပါ။ သူတို့ ၂ ဦးဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကတည်းက ဆိုးလ်မြို့မှာ မင်္ဂလာဧည့်ခံပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြတာပါ။ ကိုရီးယားနိုင်ငံမှာ လိင်တူလက်ထပ်တာတာကို လက်ခံဖို့ တရားဝင်ခွင့်ပြုမထားပဲ နိုင်ငံရဲ့ နေရာအတော်များများမှာ ရှေးရိုးစွဲဆန်တဲ့ အသိုင်းအ၀ိုင်းတွေက လက်ခံနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီလို့ ဆိုပေမယ့် လက်ရှိတရားဥပဒေအရတော့ လိင်တူလက်ထပ်မှုကို တရားဝင် အသိအမှတ်မပြုနိုင်သေးပါဘူး” လို့ ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။ သူတို့စုံတွဲဟာ ကိုရီးယားနိုင်ငံရဲ့ ၀င်ငွေအမြင့်ဆုံး လိင်တူစုံတွဲဖြစ်ပြီး ဒါဟာ ပထမအကြိမ် ပယ်ချခံလိုက်ရတာပါ။ ကင်မ်ဆောင်ဟွမ်က “ကျနော်တို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒါကို ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” လို့ အေအက်ဖ်ပီသတင်းနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ သူတို့ရဲ့ရှေ့နေ ယူမင်ဟီကတော့ လိင်တူလိင်ကွဲ တန်းတူညီမျှရှိရေးကို ဇောင်းပေးသင့်ပြီး “ကျမတို့ အရမ်းစိတ်ပျက်မိပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး” လို့ ပြောလိုက်တာပါ။ ကိုရီးယားနိုင်ငံမှာ နေထိုင်ကြတဲ့ လိင်အင်္ဂါပြောင်းလဲထားသူတွေနဲ့ လိင်တူချစ်သူတွေဟာ တင်းကျပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ စောင့်ကြည့်ခံရမှုတွေ ကြီးထွားလာနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up