ကိုရီးယားစစ်ပွဲ

December 25, 2018

ကေပေါ့ပ်အဖွဲ့ EXO မှ D.O ခေါင်းဆောင်ပါဝင်သည့် ဂီတဒရာမာ ရုပ်ရှင် - Swing Kids (နမူနာ)

ကိုရီးယားစစ်ပွဲနောက်ခံ ဂီတဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Swing Kids ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက စတင်ပြသနေပါတယ်။ ဒီကားကိုတော့ ကိုရီးယားရုပ်ရှင်ဒါရိုက်တာ Kang Hyeong-cheol က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ၁၉၅၁ ခုနှစ်ကာလက ဖြစ်ပွားခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ စစ်ပွဲကာလကို အခြေတည် ရိုက်ကူးထားခဲ့တာဖြစ်ပြီး Goeje စစ်သုံ့ပန်းစခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြောက်ကိုရီးယားစစ်သားလေး Ro Ki-Soo တယောက် Tap Dancing ကို ကြိုက်နှစ်သက်သွားခဲ့ရာကနေ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို Music Drama ဆန်ဆန် ရိုက်ချက်တွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိုရီးယားပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ နာမည်ကြီး ကေပေါ့ပ် အမျိုးသား တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ EXO အဖွဲ့မှ D.O က စစ်သုံ့ပန်းကောင်လေး Ro Ki-Soo အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park Hye-su, Jared Grimes, Oh Jung-se တို့လည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.5 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာတော့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ သန်းထိ ရရှိနေတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
2 years Ago

August 1, 2018

စစ်သည်ရုပ်ကြွင်းများနှင့် ပတ်သက်သည့် အချက်အလက် မြောက်ကိုရီးယား မပေးဟု အမေရိကန် ပြော

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည်တချို့ရဲ့ ရုပ်ကြွင်းတွေကို မြောက်ကိုရီးယားကနေ အမေရိကန်ကို ပြန်ပို့ပေးရာမှာ မြောက်ကိုရီးယားဘက်က သတင်းအချက်အလက်အလက် ပေးတာမျိုး မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်ပို့ပေးခဲ့ရာမှာ သေတ္တာ ၅၅ လုံးနဲ့ စစ်ခွေးတကောင်ရဲ့ လည်ဆွဲသာ ပါဝင်ခဲ့တာပါ။ အဲဒီသေတ္တာတွေထဲက ရုပ်ကြွင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အချက်အလက်မျိုး မြောက်ကိုရီးယားဘက်က ပြောကြားတာမျိုး မရှိဘူးလို့ အမည်မဖော်တဲ့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတဦးက ပြောပါတယ်။ “သေတ္တာထဲမှာရှိနေတာ ဘယ်သူဘယ်ဝါဆိုတာ ကျနော်တို့မသိဘူး” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က ဇူလိုင် ၃၁ ရက်နေ့မှာ ပြောကြားခဲ့ပါသေးတယ်။ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း အမေရိကန်တပ်သား ၇,၇၀၀ ပျောက်ဆုံးသွားခဲ့ပြီး ၅,၃၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေဟာ မြောက်ကိုရီးယားမှာ ရှိနေတယ်လို့ ယူဆရကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up