ကိုရီးယားကျွန်းဆွယ်ပေါ်မှာ တင်းမာမှုတွေ ဖြစ်နေတာကြောင့် ဂျပန်က ကာကွယ်ရေးလေ့ကျင့်ခန်းတွေ လုပ်ပြီး အဆင်သင့် ပြင်ဆင်နေပါတယ်။
ဂျပန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းက တော့တိုရိခရိုင် ခို့တိုဥရမြို့မှာ သြဂုတ် ၁၉ ရက်နေ့က ဘေးကင်းရာရွှေ့ပြောင်းမှု လေ့ကျင့်ရေးကို ဒေသခံ အယောက် ၁၅၀ နီးပါး ပါဝင် လေ့ကျင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားက အမေရိကန်နိုင်ငံ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရင် ဂျပန်နိုင်ငံရဲ့ ပိုက်နက်နယ်မြေပေါ်ကနေ ဖြတ်ကျော် ပျံသန်းမှာမို့ ဖြစ်နိုင်ချေအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်တာပါ။
မြို့ရဲ့ အသံချဲ့စက်ကနေ အချက်ပေး ဥသြသံ ထွက်လာတာနဲ့ တပြိုင်နက် ဘောလုံးကစားနေကြတဲ့ ကလေးတွေဟာ သူတို့ရဲ့ ဘောလုံးနည်းပြ အပါအဝင် မိဘတွေနဲ့ အတူ အကာအကွယ်ယူဖို့အတွက် ကျောင်းအတွင်းကို ပြေးဝင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ကို ဆက်လက်ခြိမ်းခြောက်နေပါက မြောက်ကိုရီးယားဟာ ကမ္ဘာမှာ တခါမှ မကြုံဖူးတဲ့ မီးမိုးရွာသလို တိုက်ခိုက်မှုမျိုးကို ကြုံရလိမ့်မယ်လို့ ပြောခဲ့တာကြောင့် မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ်လို့ ပြန်လည်ပြောဆိုခဲ့တာပါ။
နှစ်ဘက်စလုံးက အပြန်အလှန်ခြိမ်းခြောက်မှုတွေ လုပ်နေသလို မြောက်ကိုရီးယားရဲ့ စစ်ရေးအင်အားကလည်း တိုးတက်လာတာကြောင့် ဂျပန်က ကာကွယ်ရေးအင်အားကို တိုးမြှင့်နေတာလို့ သိရပါတယ်။
5 years Ago