ကိုရိုနာလူနာ အသစ်

A d v e r t i s e m e n t With Us

April 19, 2020

တရုတ်တွင် ပြည်ပက ပြန်လာသူ ကိုရိုနာလူနာ အသစ် ၁၉ ဦး တွေ့ရှိ

တရုတ်ပြည်မကြီးမှာ ဧပြီ ၁၈ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာ အသစ် ၁၉ ဦး တွေ့ပြီး၊ အဲဒီထဲကမှ ၉ ဦးဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဧပြီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။  ပြည်တွင်းကူးစက်ခံရမှုဖြစ်စဉ်ကြုံတဲ့ ၇ ဦးမှာ ၆ ဦးက ဟေလုံကျန်းပြည်နယ်က ဖြစ်ပြီး တဦးကတော့ ကွမ်တုံပြည်နယ်ကလို့ ဆိုပါတယ်။ စနေနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာ ၃၃ ဦးကို ဆေးရုံက ပြန်ဆင်းခွင့်ပေးခဲ့ပြီး ၁၀၇၃ ဦးကိုလည်း  စောင့်ကြည့်ကုသမှု စာရင်းက ပယ်ဖျက်လိုက်ပါတယ်။  လက်ရှိမှာ တရုတ်ပြည်မကြီးအတွင်း ပြည်ပက ကူးစက်ခံရမှုလို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ် ကူးစက်ခံလူနာ ၈၄၇ ဦးရှိပြီး၊ ၄၇ ဦးကတော့ ရောဂါပြင်းထန်အဆင့်လို့ ဆိုပါတယ်။ ကျန် ၄၄ ဦးကတော့ သံသယလူနာအဖြစ် သတ်မှတ်ထားပါတယ်။  ဟောင်ကောင်မှာ စနေနေ့အထိ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ လူနာ ၁၀၂၃ ဦးရှိပြီး ၄ ဦး သေဆုံးတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ခံ ၄၅ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။ ထိုင်ဝမ်မှာတော့ ကူးစက်ခံ ၃၉၈ ယောက်ရှိပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။
10 months Ago
Up