ဘိုလီးဗီးယားနိုင်ငံရဲ့အကြီးဆုံးထောင် ပါလ်မာဆိုလာမှာ အကျဉ်းသားတွေထဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားနေတယ်လို့ ဒေသခံမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းက မေလ ၁၈ ရက်မှာ ဖေါ်ပြပါတယ် ။
မေလ ၁၅ ရက်က သေဆုံးသူ နှစ်ဦးရှိပြီး ထောင်ထဲမှာ အကျဉ်းသားအနည်းဆုံး ၂၅ ဦး လောက်ဟာ အတည်ပြု လူနာတွေဖြစ်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ပါတယ်။
ထောင်အာဏာပိုင်တွေကတော့ ထောင်ထဲမှာပဲ လူနာတွေကို ကုသဖို့ နေရာ ပြင်ဆင်ထား တယ်လို့ ဆိုပါတယ်။
ဘိုလီးဗီးယားဟာ တနိုင်ငံလုံး ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်တဲ့ Quarantine ကို မတ် ၂၂ ရက်က စတင်ခဲ့ပြီး မေလ ၁၀ ရက်မှာ သက်တမ်းပြီးဆုံးဖို့ သတ်မှတ်ခဲ့တာပါ။
ဘိုလီးဗီးယားနိုင်ငံမှာ မေလ ၁၈ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၆၉ ဦးရှိပြီလို သိရပါတယ်။
11 months Ago