ကိုရိုနာရောဂါ

May 18, 2020

ကလေးများ ကိုရိုနာရောဂါဖြစ်ပွားနိုင်ခြေနည်းဟု WHO ပြော

ကလေးတွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်နိုင်စွမ်း ပိုနည်းပြီး ဒီရောဂါကြောင့် နာမကျန်းဖြစ်နိုင်မယ့် ဘေးလည်း လျော့နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေလ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  သွေးကြောတွေ ယောင်ယမ်းစေတဲ့ ထူးခြားတဲ့လက္ခဏာနဲ့ ကလေးတွေ ဆေးရုံရောက်လာ တာတွေ ရှိနေပေမဲ့ ဒီလက္ခဏာနဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြား ပတ်သက်မှုက မရှင်းလင်း သေးဘူးလို့ WHO အကြီးအကဲ သိပ္ပံပညာရှင် ဆောင်မြာဆွာမိနာသန်က ပြောပါတယ်။  ဒီလက္ခဏာရှိတဲ့ ကလေးတချို့မှာ ကိုဗစ်-၁၉ ကူးစက်ခံ ထားရပေမယ့် တချို့က ကူးစက်ခံ မထားရဘူးလို့ သူက ပြောပါတယ်။ ဒီလက္ခဏာရှင် အတော်များများကို စပိန်၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာလည်း တွေ့ထားတယ်လို့ ဆိုပါတယ်။  ရှားပါးရောဂါလက္ခဏာကို သတိထားကြဖို့ WHO က ဆေးရုံ၊ ဆေးခန်းတွေကို မေ ၁၅ ရက်က တိုက်တွန်းထားပါတယ်။  ကလေးသူငယ် ကိုယ်တွင်းအင်္ဂါစနစ်များ ယောင်ယမ်းရောဂါလို့ သိကြတဲ့ PIMS အခြေ အနေမှာ ကလေးတွေဟာ သွေးလန့်တဲ့ လက္ခဏာရော၊ ကာဝါဆာကီရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ဖျားပြီး အင်ပြင်ထတာ၊ ဂလင်းတွေယောင်တာနဲ့ ပြင်းထန်တဲ့ လူနာတွေမှာတော့ နှလုံးယောင်ယမ်း တာတွေ ဖြစ်လေ့ရှိပါတယ်။ ဗြိတိန် ကျောင်းဆရာများသမဂ္ဂတွေကတော့ ကျောင်းတွေ စောစော ပြန်ဖွင့်ရင် ကျောင်းသားတွေ ဘေးကင်းရေး စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။
1 year Ago

April 27, 2020

ကိုလံဘီယာက ၉၂ နှစ်ရှိ အဘွားအို ကိုရိုနာရောဂါပျောက်ကင်း

ကိုလံဘီယာနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် အဘွားအိုတဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရပေမဲ့ ပြန်ကောင်းလာခဲ့လို့ ဆေးရုံက ပေးဆင်းလိုက်ပါတယ်။  အဘွားအိုဟာ အသက် ၅၄ နှစ်အရွယ် သူ့မြေးဖြစ်သူ ဂွန်ဇာလို ဂျင်မင်နက်ဇ် နဲ့အတူ ပြန်ကောင်းလာခဲ့တာပါ။  ဒါပေမဲ့ အဘွားအို ယိုကွင်နာ ဂါဇွန်ဟာ သူ့ရဲ့ အငယ်ဆုံး သားကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။ ဆရာဝန်တွေဟာ သွေးတိုးရောဂါ အခံရှိသူ အဘွားအို ဂါဇွန်ရဲ့ ကျန်းမာရေး ပြန်ကောင်းလာမှုကို အံ့ဩနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ယေဘုယျအားဖြင့် သက်ကြီး ရွယ်အိုတွေဟာ အဆုတ်အအေး မိတာ၊ ဖျားတာနဲ့ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တတ်တာတွေရှိတာမို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သံသယ လူနာတွေအဖြစ် မှတ်ယူခံရတတ်ပါတယ်။   ကိုလံဘီယာဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ အတည်ပြူလူနာ ဦးရေ ၅,၁၄၂ ဦး ရှိပြီး  သေဆုံးသူကတော့ ၂၃၃ ရှိပြီလို့ ဧပြီ ၂၆ နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
2 years Ago
Up