ကိုရိုနာဗိုင်းရပ်စ် သံသယလူနာလိုက်ပါလာသည့်လေယာဉ် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာ

January 31, 2020

ကိုရိုနာဗိုင်းရပ်စ် သံသယရှိ တရုတ်လူနာကို ဝေဘာဂီဆေးရုံတွင် သီးသန့်ထားရှိ

ရန်ကုန်မြို့ကို လေကြောင်းခရီးလာရောက်တဲ့  ဝူဟန်မြို့မှ တရုတ်ခရီးသည်တဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတဲ့အတွက် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး သီးသန့်ထားရှိ စောင့်ကြည့် စစ်ဆေးနေပါတယ်။ Photo - Ye Myo Khant / MPA 
1 year Ago

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာလိုက်ပါလာသည့်လေယာဉ် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာ

ကိုရိုနာဗိုင်းရပ်စ်သံသယလူနာလိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ်ပေါ်က ကျန်ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေဟာ ပြည်တွင်းကို ဝင်ရောက်ခြင်းမရှိဘဲ အဆိုပါလေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က  ပြန်လည်ထွက်ခွာသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်က တရုတ်နိုင်ငံ  ကွမ်ကျိုး လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာတဲ့ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 နဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တဦးမှာ ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရလို့  အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးသန့်ခန်းကို ပို့ဆောင်ထားရှိပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားရှိတာပါ။ အဆိုပါခရီးသည်ထံက ဓာတ်ခွဲနမူနာရယူပြီး 2019 Novel Coronavirus  အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေတယ်လို့လည်း ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အဆိုပါ လေယာဉ်နဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် ၂  ဦးကိုလည်း ကိုယ်ပူ ဖျားနာတဲ့ ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု နေတယ်လို့ သိရပါတယ်။
1 year Ago
Up