ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ

March 28, 2020

ဗြိတိသျှအစိုးရဝန်ကြီးများ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာမပြသဖြင့် မစစ်ဆေးဟု ဝန်ကြီးချုပ်ရုံးပြော

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ကျန်းမာရေးဝန်ကြီးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ဗြိတိသျှအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအနေနဲ့ ရောဂါလက္ခဏာတွေ မပြမချင်း ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတာတွေလုပ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ကျန်းမာရေးဝန်ကြီးတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိပြီးနောက်၊ ဝန်ကြီး မိုက်ကယ်ဂို့ဗ်က မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စကို ပြောဆိုလိုက်တာပါ။  သူက လူတွေမှာ ရောဂါလက္ခဏာပြသမှသာ စစ်ဆေးခံရတာဖြစ်ပြီး၊ သူနဲ့ ကျန်အဖွဲ့ဝင် ဝန်ကြီးတွေဟာ ဘာလက္ခဏာမှ မပြသေးတဲ့အတွက် ဆေးမစစ်သေးဘူးလို့ ဆိုပါတယ်။  ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ သောကြာနေ့ကစလို့  ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်မှာ တကိုယ်တော် သီးသန့် ခွဲနေထိုင်နေပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူ ၁၄,၅၄၃ ဦး ရှိနေပြီး သေဆုံးသူ ၇၅၉ ဦး ရှိပြီဖြစ်ပါတယ်။ ဒါဟာ အီတလီ၊ စပိန်၊ တရုတ်၊ အီရန်၊ အမေရိကန်နဲ့ ပြင်သစ်တို့ ပြီးရင် ကမ္ဘာ့သတ္တမမြောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူဦးရေ အများဆုံးနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up