ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

January 15, 2021

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကုသမှု ခံယူနေတယ်လို့ မိုရာလက်စ်ရဲ့ ရုံးက ဇန်နဝါရီ ၁၄ ရက်မှာ  ထုတ်ပြန်ပါတယ်။   မိုရာလက်စ်ရဲ့ ရောဂါလက္ခဏာ နဲ့ ပတ်သက်လို့ အသေးစိတ်ထုတ်ပြန်တာ မရှိဘဲ   သူ့အခြေအနေဟာ တည်ရှိမှု ရှိတယ်လို့ပဲ ထုတ်ပြန်ချက်က ဆိုပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က ကိုချာဘန်ဘာမြို့မှာ သမ္မတဟောင်းမိုရာလက်စ်နဲ့  ကိုကာစိုက်တောင်သူတွေ အဖွဲ့လိုက် အစည်းဝေးလုပ်ခဲ့ပါတယ်။  နှစ်ကုန် အားလပ်ရက် ပိတ်ရက်တွေပြီးနောက် ဘိုလီးဗီးယားနဲ့ အိမ်နီးချင်း ပီရူးက ဆေးရုံတွေရဲ့ အရေးပေါ် ကုသဆောင်တွေဟာ မနိုင်မနင်းနီးပါး ဖြစ်ခဲ့ပါတယ်။  လက်တင်အမေရိကနိုင်ငံ အတော်များများက ကိုဗစ်ကာကွယ်ဆေး အလုံအလောက် ရအောင် ရုန်းကန်နေရတာကြောင့် ဒေသတွင်း ကျန်းမာရေး ပြဿနာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။  ဘိုလီးဗီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော် နဲ့ သေဆုံးသူ ကိုးထောင့်လေးရာကျော် ရှိတယ်လို့ ရိုက်တာက တင်ပြပါတယ်။
3 months Ago

March 28, 2020

ဟင်္သာတတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိ စောင့်ကြည့်နေရာ ၉ ခုထားရှိ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ  ပြည်ပကပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စောင့်ကြည့်တဲ့ နေရာ ၉ ခုထားရှိပြီး ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုတွေကို မတ်လ ၂၆ ရက်နေ့ကစပြီး  ဆောင်ရွက်နေတယ်လို့ မြို့နယ်တာဝန်ရှိသူက ပြောပါတယ်။ ပြည်ပမှပြန်လာသူတွေကို စောင့်ကြည့်ဖို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးသင်တန်းကျောင်း၊ အထက (ဒူးယား)၊ တလုတ္ထော်မြို့ သမိုင်း (မူလွန်)ကျောင်း၊ ကျုံတွမ်တပ်ဦး ရွှေဘုံသာကျောင်း၊ အ.ထ.က (ရှားခဲ)၊ အ.ထ.က (ယုန်သလင်း)၊ အ.ထ.က (ဒမ္ဘီ)၊ နိဗ္ဗာန်ဆေးရုံ၊ ကြွက်ကျွန်း တိုက်နယ်ဆေးရုံတွေမှာ ထားရှိဖို့ ပြင်ဆင်ထားပါတယ်။   ဟင်္သာတ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေကို ပေးအပ်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောပါတယ်။  လက်ရှိမှာ ဟင်္သာတမြို့နယ်မှ ဒေသခံများအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုတာတွေ နည်းပါးနေတဲ့အပြင် ကိုယ်တိုင်ဝယ်ယူအသုံးပြုနေကြပြီး တခါတရံ နှာခေါင်းစည်းနဲ့ လက်ဆေးရည်တွေ ဝယ်မရဖြစ်နေတယ်လို့ ဟင်္သာတဒေသခံတွေက ပြောပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19  လူနာ ၈ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
More News
Up