ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖွဲ့စည်းတာဝန်ပေး

March 18, 2020

အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှု အရှိန်မြှင့်ရန် WHO သတိပေး

အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လျင်မြန်နေတဲ့အတွက် သတိအပြည့်ထားကြဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  “အခြအနေက လျင်မြန်စွာ ပြန့်နေတာပါ။ နောက်ထပ်လူများများကို ထပ်ကူးမယ့် အဖြစ်ကို တားမြစ်ဖို့ အားထုတ်ချက်အားလုံးကို ချက်ချင်းအရှိန်မြှင့်ဖို့ လိုနေပါတယ်” လို့ WHO ရဲ့ ဒေသဆိုင်ရာဒါရိုက်တာ ဒေါက်တာ ပူနမ်ခီထရပ်ပယ်ဆင်းက ပြောပါတယ်။ အရှေ့တောင်နဲ့ တောင်အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အခုအခါ ၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။  ဗိုင်းရပ်စ် တွေ့ရှိသူအများဆုံး နိုင်ငံကတော့ ထိုင်းဖြစ်ပြီး ၁၇၇ ဦး၊ အင်ဒိုနီးရှား ၁၃၄ ဦး၊ အိန္ဒိယ ၁၂၅ ဦး၊ သီရိလင်္ကာ ၁၉ ဦး၊ မော်လ်ဒိုက်စ် ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၅ ဦး၊ နီပေါနဲ့ ဘူတန်တို့ တဦးစီ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်
1 year Ago

February 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူများအတွက် ရွှေတိဂုံဘုရားတွင် မေတ္တာပို့ဆုတောင်း

တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကိုရိုဗိုင်းရပ်စ်ရောဂါ ခံစားနေရတဲ့ပြည်သူတွေနဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် သေဆုံးသွားသူတွေအတွက် မေတ္တာပို့ ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ အခမ်းအနားကို ဒီနေ့မနက် ရွှေတိဂုံစေတီတော်မှာ ကျင်းပပါတယ်။  ဒီအခမ်းအနားကိုတော့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နဲ့ မြန်မာပြည်ဖွား တရုတ်မျိုးနွယ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။  ဖေဖော်ဝါရီ ၂၄ ရက်နေ့ညနေပိုင်းမှာတော့ ရွှေတိဂုံစေတီတော်ကြီးကို ဆီးမီး ၉၀၀၀ ကပ်လှူပူဇော်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ သံဃာတော် ၁၀၈ ပါးကို ပင့်ဖိတ်ကာရ တနာ့သုတ်ရွတ်ဖတ်ပူဇော်မေတ္တာပို့အမျှပေး ဝေခဲ့ကြပါတယ်။  ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ မြန်မာပြည်သူ/ပြည်သားတွေအားလုံး ကပ်ရောဂါဘေးအန္တရာယ်မှ ကင်းဝေးပပျောက်စေရေးအတွက် ဆုတောင်းမေတ္တာပို့သတဲ့အ ခမ်းအနားကို ပြည်သူ ၅၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
1 year Ago
Up