ကိုရိုနာဗိုင်းရပ်စ်သတင်းကြောင့် မြစ်ကြီးနားပြည်သူများ စိုးရိမ်

January 28, 2020

ကိုရိုနာဗိုင်းရပ်စ်သတင်းကြောင့် မြစ်ကြီးနားပြည်သူများ စိုးရိမ်

ကိုရိုနာဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်) ရောဂါစက်ပျံ့နှံ့မှု  သတင်းတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပြီး နှာခေါင်းစည်းတွေ ဝတ်ဆင်ကာ ကြိုတင်ကာကွယ် သွားလာနေကြပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း  နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးနေပြီး ရောဂါကူးစက်ခံရသူ မတွေ့ရသေးဘူးလို့ ပြောပါတယ်။  ဇန်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ်က ကန်ပိုက်တီနယ်စပ်ဂိတ်ကို ခေတ္တပိတ်ခဲ့ပေမယ့် လက်ရှိမှာ ပြန်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ Photo - Yan Aung Htun / MPA
1 year Ago
Up