ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစက်

May 23, 2020

တကြိမ်ကို လူ ၁၅၀၀ အထိ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစက် ဘရာဇီးပညာရှင်များ တီထွင်

ဘရာဇီးမြို့တော် ဆော်ပေါ်လိုမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို တကြိမ်တည်း လူ ၁၅၀၀ အထိ လုပ်နိုင်အောင် ပညာရှင်တွေက တီထွင်ထားပါတယ်။  အဲလ်ဘတ်အိုင်စတိုင်းဆေးရုံက ဆရာဝန်တွေဟာ NGS လို့ ခေါ်တဲ့ COVID-19 စစ်ဆေးရေးစက်နဲ့ လူနာတွေကို မျိုးဗီဇ စစ်ဆေးမှုတွေ လုပ်ပါတယ်။  ဒါပေမဲ့ စစ်ဆေးမှုတွေဟာ အချိန် ၄၈ နာရီကြာပြီး ရလဒ်ကို သိဖို့ စောင့်နေရပါတယ်။ ဘရာဇီးရဲ့ အတည်ပြုလူနာဦးရေဟာ မေ ၂၁ ရက်နေ့ တရက်တည်းမှာ နှစ်သောင်းနီးပါး အသစ်တွေ့ခဲ့ပြီး၊ စုစုပေါင်းအတည်ပြုလူနာက နှစ်သိန်းကိုးသောင်းကျော်ခဲ့ပြီဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ စစ်ဆေးမှုပိုင်းမှာ ကန့်သတ်ချက်တွေ ရှိတာမို့ အမှန်တကယ် ကူးစက်သူ အရေအတွက်က ဒီထက်ပိုမြင့်မားနိုင်တယ်လို့ ဘရာဇီး ဆရာဝန်တွေက ယုံကြည်နေပါတယ်။   ဒါပေမဲ့ အခုမျိုးဗီဇ စစ်ဆေးနည်းက စစ်ဆေးမှုပိုင်း လျော့နည်းတဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။  ဘရာဇီးဟာ မေ ၂၀ ရက်ကပဲ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
11 months Ago
Up