အမေရိကတိုက်နိုင်ငံတွေထဲက အဆင်းရဲဆုံးနဲ့လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ဟေတီနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာနိုင်ပြီး အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ရိုက်တာသတင်းက ဇွန်လ ၂၉ ရက်မှာ ဖော်ပြပါတယ်။
ဥရောပနဲ့ အာရှဒေသတချို့မှာ အစိုးရတွေက ကပ်ဘေးပြန့်ပွားမှုကို ထိန်းချုပ်လာနိုင်ချိန်မှာ လူဦးရေ ၆၅၄ သန်း နေထိုင်တဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသတို့ဟာ ကပ်ဘေးရဲ့ ဗဟိုချက်တခု ဖြစ်လာနေပါတယ်။
ဇွန်လ ၂၈ ရက် တကမ္ဘာလုံးကူးစက်ခံ အတည်ပြုလူနာဦးရေ ဆယ်သန်းပြည့်ချိန်မှာ ဒီဒေသက လူဦးရေ လေးပုံတပုံ ပါဝင်နေတာပါ။
လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသမှာ ပြီးခဲ့တဲ့တလက အတည်ပြုလူနာ ၆ သိန်း ၉ သောင်း ရှိရာကနေ အခုတော့ ၂ သန်းခွဲနီးပါးရှိလာနေပါပြီ။
လူဦးရေ ၁၁ သန်းရှိတဲ့ ဟေတီမှာ အခုဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၅,၇၂၂ ဦး ရှိလာနေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago