ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသင့်

July 7, 2020

အလုပ်အကိုင် လုံခြုံရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး အစိုးရ ကိုင်တွယ်ပုံကို စင်ကာပူနိုင်ငံသားများ စိုးရိမ်

အလုပ်အကိုင် လုံခြုံရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံတွေကို စင်ကာပူနိုင်ငံသားတွေ စိုးရိမ်နေကြတယ်လို့ အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတွေ စိုးရိမ်တဲ့ကိစ္စရပ် စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ ဇူလိုင် ၁၀ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ခေါင်းဆောင် မျိုးဆက်သစ်အပေါ် လူထုဆန္ဒ ခံယူပွဲအသွင်လည်း ဆောင်နေပါတယ်။ စင်ကာပူ ဝန်ကြီးချုပ် လီရှင်လွန်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း တာဝန်က အနားယူဖို့ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စီးပွားရေး အနက်ရှိုင်းဆုံး ထိုးကျနေတဲ့ စင်ကာပူနိုင်ငံမှာ မဲဆွယ်ကာလအတွင်း ရွှေ့ပြောင်းနေထိုင်မှုနဲ့ အလုပ်အကိုင် ရရှိရေးဟာ လူတွေ အဆွေးနွေးဆုံး ကိစ္စ ဖြစ်လာနေတာပါ။ နိုင်ငံခြားသားတွေကို အလုပ်အကိုင်အတွက် ငှားရမ်းတဲ့ စည်းမျဉ်းတွေ ပိုတင်းကျပ်ခဲ့အပြီး ၂၀၁၁ မှာ လီကွမ်ယု တည်ထောင်ခဲ့တဲ့ PAP ပါတီအတွက် မဲပေးမှု စံချိန်တင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီ ၁၁ ပါတီအထိ စံချိန်တင် များလာပြီး မဲဆန္ဒနယ် ၉၃ နယ်စလုံးမှာ PAP ပါတီက ပါဝင်ယှဉ်ပြိုင်မှာပါ။ စင်ကာပူ တိုးတက်ရေးပါတီက ၂၄ နေရာ၊ အလုပ်သမားပါတီက ၂၁ နေရာနဲ့ စင်ကာပူ ဒီမိုကရက်တစ်ပါတီက ၁၁ နေရာအတွက် အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံထားပါတယ်။
1 year Ago

April 3, 2020

အမေရိကန်တွင် အလုပ်လက်မဲ့ဦးရေ ၆ သန်းကျော် စံချိန်တင်မြင့်တက်

အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေနှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း အလွန်မြင့် တက်လာကာ စံချိန်တင်အဖြစ် ၆ သန်းကျော်သွားခဲ့တယ်လို့ ဧပြီ ၃ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ စတော့ဈေးကွက်ညွှန်းကိန်းတွေ တော်တော်များများလည်း အကျပိုင်းရောက်နေပြီး အလုပ်မရှိလို့ အလုပ်လက်မဲ့ အကျိုးခံစားခွင့် လျှောက်ထားသူဦးရေဟာလည်း ၆ သန်းကျော် စံချိန်တင်လာတာပါ။ ဒီအထဲမှာ ပြည်နယ်တော်တော်များများက လူတိုင်းကို အိမ်တွင်းအောင်း နေထိုင်ဖို့ ညွှန်ကြားချက်တွေ ထုတ်ရတဲ့အကြောင်းရင်းကြောင့်လည်း ပါပါတယ်။  အမေရိကန် အလုပ်လက်မဲ့ ဦးရေနှုန်းဟာ ပထမအပတ်က ၃ ဒသမ ၃ သန်းသာ ရှိနေရာက နှစ်ဆနီးပါးတိုးပြီး ဒီတပတ်ထဲ ၆ ဒသမ ၆၅ သန်းထိ ရှိသွားတာပါ။ ဒါဟာ ရိုက်တာသတင်းက စီးပွားရေးပညာရှင်တွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ အလုပ်လက်မဲ့ ၅ ဒသမ ၂၅ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတာထက် ပိုများနေပါတယ်။  အခုအခါ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံး ဖြစ်နေပြီး လူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာလည်း ပိတ်ဆို့ခံထားရတာ၊ သို့မဟုတ် နေအိမ်တွင်းမှာပဲ နေရတာ ဆယ်ရက်ကျော်လာခဲ့လို့ အလုပ်လက်မဲ့ဖြစ်သူဦးရေ စံချိန်တင် များပြားလာရတာလို့ ဆိုပါတယ်။
2 years Ago
Up