ကိုရိုနာတိုက်ဖျက်ရေး ရန်ပုံငွေ

A d v e r t i s e m e n t With Us

March 16, 2020

မွေးနေ့တွင် ပေါ့ဘာ ကိုရိုနာတိုက်ဖျက်ရေး ရန်ပုံငွေ စတင်ရှာဖွေ

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ပါဝင်ကူညီဖို့ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်ကို ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာက သူ့မွေးနေ့မှာ စတင်လိုက်ပါတယ်။  ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေေနေ့မှာ အသက် ၂၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီမွေးနေ့အခမ်းအနားအဖြစ် ရန်ပုံငွေတရပ်ကို ထူထောင်ကြောင်း ထုတ်ဖော်ပြောလိုက်တာပါ။ ပေါ့ဘာက လူမှုကွန်ရက်မှာ လင့်ခ်တခုကို တင်ပေးခဲ့ပြီး ဒီလင့်ခ်ကို ဝင်ရောက်လှူဒါန်းဖို့ တောင်းဆိုကာ တရက်အတွင်း ပေါင် ၂၇၀၀၀ ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။  ဒီလိုရရှိခဲ့မယ်ဆိုရင် သူ့ဘက်ကလည်း ကိုယ်ပိုင်ငွေထဲက နောက်ထပ်ပေါင် ၂၇၀၀၀ ကို ထပ်မံစိုက်ထုတ်ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ “ဒီနေ့ဟာ ကျနော့်မွေးနေ့ပါ။ အခုချိန်ထိ ကျနော့်မိသားစု၊ မိတ်ဆွေတွေ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ မကြုံတွေ့သေးတာကို ဝမ်းသာမိပေမယ့် လူတိုင်း အန္တရာယ်ကင်းနေတာတော့ မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က  ကလေးတွေ အပါအဝင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့နေပြီး အထူးသဖြင့် နွမ်းပါးတဲ့ ကလေးတွေဟာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ထိခိုက်မှုရှိလာနိုင်ပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ‌ပေါ့ဘာက ရေးသားခဲ့ပါတယ်။ တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြဖို့လည်း ပေါ့ဘာက တိုက်တွန်းလိုက်ပါတယ်။ “ခင်ဗျားတို့အနေနဲ့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါတယ်။ ဒီလို ပူးပေါင်းပါဝင်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘေးကင်းစွာ နေထိုင်ကြပါ။”  ပေါ့ဘာဟာ မွေးနေ့အခါသမယမှာ ဒီလိုမျိုး လူမှုရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်လေ့ ရှိသူဖြစ်ပြီး  ၂၆ နှစ်မွေးနေ့တုန်းကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေအတွက် သောက်ရေ ထောက်ပံ့ပေးဖို့ ဒီလိုမျိုး တိုက်တွန်းခဲ့ဖူးပါတယ်။
12 months Ago
Up