ကိုရိုနာတိုက်ဖျက်ရေး

A d v e r t i s e m e n t With Us

November 15, 2020

ကိုရိုနာတိုက်ဖျက်ရေးတွင် လျင်မြန်ထိရောက်သည့် အာဆီယံကို ကုလသမဂ္ဂ ချီးကျူး

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးကို ရင်ဆိုင်ရာမှာ ညီညွတ်ကြဖို့ ဆော်သြရင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က နိုဝင်ဘာ ၁၅ ရက်မှာ ချီးကျူးလိုက်ပါတယ်။ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို အွန်လိုင်းကနေ တက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေရှေ့မှာ ခုလိုပြောလိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ လျင်မြန်ထိရောက်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ရပ်ကို ချီးကျူးရင်း ကမ္ဘာ့ပြည်သူတွေ အားလုံးကာကွယ်ဆေး ရဖို့နဲ့ ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထူဖို့ အာဆီယံရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၇ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
2 months Ago
Up