ကိုရိုနာကူးစက်သူရှိလာ

June 20, 2020

ဩစတြေးလျတွင် ၄ ရက်ဆက် ကိုရိုနာကူးစက်သူရှိလာ၍ ကန့်သတ်ချက်အချို့ ပြန်ပြဋ္ဌာန်းမည်

သြစတြေးလျရဲ့ ဒုတိယလူဦးရေအများဆုံးပြည်နယ်  ဗစ်တိုးရီးယားမှာ   ၄  ရက်ဆက်တိုက်   ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဆယ်ဂဏန်းအထိ ရှိလာပြီးနောက် ဇူလိုင်လ ၁၂ ရက်အထိ  ကန့်သတ်ချက် တချို့ကို ပြန်ပြဋ္ဌာန်းသွားမယ်လို့ ပြည်နယ်အစိုးရက ဇွန်လ ၂၀ ရက်မှာ ကြေညာ လိုက်ပါတယ်။   တွေ့ဆုံပွဲတွေလုပ်တဲ့ မိသားစုဝင်တွေနဲ့ခရီးသွားတွေကို အသွားအလာကန့်သတ်ထားတဲ့ ဟိုတယ်က အလုပ်သမားတွေ အပါအဝင်  ထပ်မံကူးစက်သူ ၂၅ ယောက်အထိ  စံချိန်တင် တွေ့ရှိပြီးနောက် ဗစ်တိုးရိးယားပြည်နယ်မှာ ကန့်သတ်ချက် တချို့ကို ပြန်ပြဌာန်းခဲ့တာပါ။  တခြားပြည်နယ်တွေမှာတော့ ထပ်မံကူးစက်သူတွေက မရှိသလောက် ဖြစ်ပါတယ်။   ပြည်နယ်ဝန်ကြီးချုပ်  ဒန်နီယယ်အန်ဒရူးက အိမ်အလည်သွားရာမှာ လူ ၅ ယောက်ထက် မပိုဖို့ တွေ့ဆုံပွဲတွေမှာ လူ ၁၀ ယောက်ထက် မများဖို့  စတဲ့ကန့်သတ်တဲ့ စည်းကမ်းတွေ ပြန်ချမှတ်မယ်လို့ ပြောဆိုပါတယ်။    ဒါ့အပြင်  ဗိုင်းရပ်စ်ကူးစက်တဲ့ ဒေသတွေဟာ လော့ဒေါင်းချတာနဲ့ ကြုံရနိုင်တယ်လို့လည်း  ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။   သြစတြေးလျတိုက်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ  ၁၀၂ ယောက်သာ  ရှိတယ်လို့ ရိုက်တာက ရေးပါတယ်။   
1 year Ago
Up