ကိုရိုနာကူးစက်မှုမြင့်

A d v e r t i s e m e n t With Us

November 22, 2020

ကိုရိုနာကူးစက်မှုမြင့်တက်လာသဖြင့် ဟောင်ကောင်-စင်ကာပူ ခရီးသွားအစီအစဉ် ရွှေ့ဆိုင်း

ဟောင်ကောင်မှာ  နေ့စဉ်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် မြင့်တက်ပြီးနောက်  နိုဝင်ဘာ ၂၂ ရက်မှာ စတင်မယ့်  ဟောင်ကောင်-စင်္ကာပူ ခရီးသွားအစီအစဉ်ကို သီတင်းနှစ်ပတ် ရွှေ့ဆိုင်းခဲ့ပါတယ်။  ဟောင်ကောင်နဲ့ စင်ကာပူ ဒေသနှစ်ခုက အကန့်အသတ်နဲ့ခရီးသည်တွေကို ကွာရန်တင်း ဝင်စရာ မလိုဘဲ ခရီးသွားခွင့်ပြုတဲ့ ဒီအစီအစဉ်ကို ဒီဇင်ဘာလအစောပိုင်းမှာ ပြန်စတင်မယ်လို့  တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။   နိုဝင်ဘာ ၂၁ ရက်က ဟောင်ကောင်မှာ ဗိုင်းရပ်စ် အသစ်ကူးစက်သူ ၄၉ ယောက် တွေ့ခဲ့ပြီး နောက် ခရီးသွားအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။  ဒီခရီးသွားအစီအစဉ်မှာ လိုက်ပါမယ့် ခရီးသည်တွေဟာ ကွာရန်တင်းဝင်စရာ မလိုပေမဲ့ ခရီးစဉ် မထွက်ခွာခင်ရော ရောက်ရှိချိန်မှာပါ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရမယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။
2 months Ago

March 30, 2020

အီစတာပွဲတော်ကာလအထိ ကိုရိုနာကူးစက်မှုမြင့်နိုင်၍ အမေရိကန်တွင် အိမ်တွင်းနေကာလ ထပ်တိုး 

အီစတာပွဲတော်ကာလအထိ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနှုန်းက မြင့်တက်နိုင်တာကြောင့် မူလက ပွဲတော်ရက် ဧပြီလ ၁၂ အထိ ပြည်သူတွေ အိမ်တွင်းအောင်းနေထိုင်ဖို့ သတ်မှတ်ထားတာကို ဧပြီ ၃၀ အထိ ထပ်တိုးရွှေ့ဆိုင်းမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၉ ညပိုင်းမှာ ပြောလိုက်ပါတယ်။  အမေရိကန်သမ္မတဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးတုံ့ပြန်မှုအဖြစ် အစားအစာနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေအပေါ် အခွန်အပြည့်အဝေ လျှော့ချပေးဖို့လည်း ကွန်ဂရတ်လွှတ်တော်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။  အစိုးရ ရဲ့COVID-19 ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအကြောင်း ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က မျက်နှာဖုံးတွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်ကြောင်းနဲ့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ နယူးယောက် မြို့တော်ဝန်တို့ကိုလည်း ကပ်ဘေးကာလမှာ မျက်နှာဖုံးတွေ သောင်းနဲ့ချီတောင်းဆိုနေတဲ့ ဆေးရုံတွေကို ဂရုတစိုက်ကြည့်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။  ကိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အမေရိကန်နိုင်ငံသား ၁ သိန်းကျော်သေဆုံးနိုင်ကြောင်း ထိပ်တန်းဆေးဘက်ဆိုင်ရာအကြံပေးတဦးက မှတ်ချက်ချ ခန့်မှန်းပြီးနောက် အခုလို အိမ်တွင်း အောင်းကာလကို ဧပြီလကုန်အထိ သက်တမ်းထပ်တိုးဖို့ သမ္မတရဲ့ လုပ်ဆောင်ချက် ထွက်ပေါ်လာ တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up