ကိုရိုနာကူးစက်မှု

May 11, 2020

ရွှေ့ပြောင်းလုပ်သားများကြား ကိုရိုနာကူးစက်မှုအခြေအနေ တည်ငြိမ်နေပြီဟု စင်ကာပူပြော

စင်ကာပူနိုင်ငံအတွင်း ဝန်ထမ်းအိမ်ရာတွေမှာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်နေပေမယ့် အခြေအနေ တည်ငြိမ်နေပြီမို့ အစိုးရကတော့ အသွားအလာ လော့ဒေါင်း ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဂျိုးဆက်ဖင်း တီယိုက မေလ ၁၀ ရက်မှာ ပြောပါတယ်။  ရွှေ့ပြောင်းလုပ်သားတွေကို ဂရုစိုက်ဖို့ ဆေးဘက်ပံ့ပိုးမှု အင်္ဂါရပ်တွေကို သွားရောက် စစ်ဆေးနေချိန်မှာ သတင်းမီဒီယာတွေကို သူက ခုလို ပြောလိုက်တာပါ။ လုပ်သားတွေ အပြည့်အဝ နေပြန်ကောင်းလာဖို့နဲ့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ နောက်တဆင့် အတွက် အာဏာပိုင်တွေက ပြင်ဆင်ရမယ်လို့ သူက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ မေ ၁၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံအသစ် ၈၇၆ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ဦးရေ ၂၃၃၃၆ ယောက် ရှိသွားပါပြီ။ အသစ် ကူးစက်ခံရသူအများစုက ဝန်ထမ်းအဆောင်တွေမှာ နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်။ အမြဲတမ်း နေထိုင်ခွင့်ရသူ ၃ ယောက်ပဲ ပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ မေ ၁၂ ရက်ကစပြီး ပင်းမင်းလုပ်ငန်း၊ ဆံပင်ညှပ်ဆိုင်တို့လိုမျိုး အိမ်တွင်းမှု လုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုတော့မှာပါ။  နောက်သီတင်းပတ်မှာတော့ ကျောင်းသားတချို့ အုပ်စုငယ်အလိုက် ကျောင်းပြန်တက်ဖို့ ခွင့်ပြုမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
1 year Ago

April 2, 2020

ကိုရိုနာကူးစက်မှုတိုက်ဖျက်ရေး လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ ပြောက်ကျားတပ် ကူညီ

အီရန်ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားပြီး လက်ဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေးအတွက် မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးမှာ ပိုးသတ်ဆေးဖျန်းတာနဲ့ ဆေးတပ်သား ဆေးလွှတ်တာတွေ ပြုလုပ်ပေးနေပါတယ်။ အရှေ့အလယ်ပိုင်းတလွှားမှာ တပ်ချထားတဲ့ ဟဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေဟာ အိမ်တွေမှာ ပိုးသတ်တာ၊ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ နေရာချတာနဲ့ ဆေးဘက် ဝန်ထမ်းတွေကို ရှေ့တန်းမှာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ဖို့ လွှတ်ပေးတာတွေ လုပ်ခဲ့ကြပါတယ်။  ပြည်သူ ၂ သောင်းခွဲကိုလည်း ကူးစက်မှု သက်သာစေဖို့ စီမံကိန်း အစိတ်အပိုင်းအနေနဲ့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ အမှုဆောင်ကောင်စီဝင် ဆေးယဒ် ဟာရှမ် ဆာဖိဒင်က ပြောပါတယ်။  ဟဇ်ဘိုလာတွေ ရဲ့ စီမံကိန်းထဲမှာ ဆရာဝန် အယောက် ၁၅၀၀၊ သူနာပြု ၃၀၀၀၊ ရှေးဦးသူနာပြုနဲ့ တက်ကြွလှုပ်ရှား သူ အယောက် ၂ သောင်းပါတယ်လို့ ဆိုပါတယ်။ ဘေရွတ်မြို့တော်မှာရှိတဲ့ ဟဇ်ဘိုလာတွေရဲ့ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ကုသပေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မသုံးတဲ့ ဆေးရုံ ၄ ရုံကို ငှားရမ်းခဲ့ပြီး လက်ဘနွန်နိုင်ငံ တလွှားက ဆေးခန်း ၃၂ ခန်းကိုလည်း ပြင်ဆင်ထားသလို ထပ်မံလိုအပ်က ယာယီ ဆေးရုံ ၃ ရုံ တည်ထောင်ဖို့ ပြင်ဆင်ပြီးပြီလို့ ပြောပါတယ်။ ရောဂါခြေချုပ်အတွက် အသွားအလာ ကန့်သတ်မယ့် လူတွေကို ထားဖို့ ဟိုတယ်တွေကိုလည်း ငှားရမ်းပြီးပြီလို့ ပြောပါတယ်။ သူတို့ရဲ့ စီမံကိန်းထဲမှာ ကူးစက်ခံ အတည်ပြုလူနာတွေနဲ့ အိမ်မှာ သီးခြားခွဲနေသူတွေ ညွှန်ကြားချက်ကို လိုက်နာမှု ရှိမရှိကို စောင့်ကြည့်မယ့် အစီအစဉ်လည်း ပါပါတယ်။ လက်ဘနွန်နိုင်ငံမှာ ဧပြီ ၂ ရက်နေ့ထိ အတည်ပြုချက်အရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံ ၄၇၃ ဦးနဲ့ သေဆုံး ၁၄ ဦးရှိပြီဖြစ်ပြီး နိုင်ငံတွင်းမှာလည်း ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
1 year Ago

ကိုရိုနာကူးစက်မှု ကာကွယ်ရန် တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်များကို ပိုးသတ်ဆေးဖျန်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် တောင်ဥက္ကလာပ မြို့နယ် မှာရှိတဲ့ ရပ်ကွက်တွေကို တောင်ဥက္ကလာမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ကုသရေး ပူးပေါင်းကော်မတီက ဦးဆောင်ပြီး ဘာသာရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူ​ပေါင်းကာ ဧပြီ ၁ ရက် ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခဲ့ကြပါတယ်။
1 year Ago
Up