ကိုရိုနာကူးစက်ခံရသူ ၃၃ ဦး

May 8, 2020

အာဂျင်တီးနား သက်ကြီးစောင့်ရှောက်ရေးဂေဟာတွင် ကိုရိုနာကူးစက်ခံရသူ ၃၃ ဦးတွေ့ရှိ

အာဂျင်တီးနားနိုင်ငံက သက်ကြီးစောင့်ရှောက်ရေး ဂေဟာတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃ ယောက် တွေ့ရှိပြီးနောက် မေလ ၇ ရက်က  သက်ကြီးရွယ်အို ၂၇ ယောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။  PPE ဝတ်စုံပြည့် ဝတ်ထားတဲ့ အရေးပေါ်ဝန်ထမ်းတွေက ဗျူနိုအေးရိစ် ဂေဟာထဲ ဝင်ပြီး တကြိမ်ကို လူနာတယောက်  ထုတ်လာခဲ့ပြီး  လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။ “လူနာတွေထဲက ဘယ်သူမှ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘဲ သူတို့ကို အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့တယ်” လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ အကြီးအကဲကပြောခဲ့ပါတယ်။  လောလောဆယ် သက်ကြီးဂေဟာကို ပိတ်ထားမှာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။   အာဂျင်နီးနားနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၀၀ ကျော်ရှိပြီး ၂၆၄ ယောက် သေဆုံးထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 
11 months Ago
Up