ကိုရိုနာကူးစက်ခံ

A d v e r t i s e m e n t With Us

June 20, 2020

ဇွန် ၁၈ ရက်က ကမ္ဘာတဝန်း ကိုရိုနာကူးစက်ခံရသူ ၁ သိန်းခွဲရှိ၊ အန္တရာယ်များသည့်အဆင့် ရောက်နေဟု WHO ပြေ

ဇွန်လ ၁၈ ရက်က ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူ ၁ သိန်းခွဲနဲ့ တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲဒီထဲက တဝက်နီးပါးက အမေရိကန်နိုင်ငံက ဖြစ်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောလိုက်ပါတယ်။  ဂျနီဖာမြို့ WHO ဌာနချုပ်ကနေ ဗွီဒီယိုကွန့်ဖရင့်စ် နဲ့ ပြောရာမှာ  WHO ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက ကမ္ဘာကြီးဟာ အန္တရာယ်များတဲ့ အဆင့်သစ် တစ်ခုကို ရောက်နေတယ်လို့  ပြောဆို ပါတယ်။  ဇွန်လ  ၁၉   ရက်အထိ အချက်အလက်တွေအရ  ကမ္ဘာတဝန်း  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ   ၈ ဒသမ ၇ သန်းကျော်ရှိပြီး  သေဆုံးသူက ၄ သိန်း ၆ သောင်းကျော် ရှိနေပါတယ်။    ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ အမေရိကန်ပြီးရင် ဘရာဇီးက အများဆုံးဖြစ်ပြီး ကူးစက်သူ   ၁ သန်းကျော်နဲ့ သေဆုံးသူက ၄၉,၀၀၀ ကျော်ရှိပါတယ်။   WHO ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက လူတွေကို ခပ်ခွာခွာနေရေး အစီအမံတွေ လိုက်နာဖို့နဲ့  သတိဝီရိယ ကြီးကြီးထားကြဖို့  တိုက်တွန်းခဲ့ပါတယ်။  အမေရိကနိုင်ငံတွေလိုပဲ တောင်အာရှနဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ  ထပ်မံကူးစက်သူတွေ  တိုးလာတယ်လို့  တက်ဒရိုက ဆိုပါတယ်။  ကူးစက်သူ အရေအတွက် ဆက်လျော့ကျစေဖို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့  ဘယ်မှာ ကူးစက်တာ တွေ ဖြစ်နေလဲဆိုတဲ့ အချက်အလက်တွေ ရရှိဖို့ လိုအပ်တယ်လို့လည်း  WHO အရေးပေါ် အစီအစဉ်   ကျွမ်းကျင်သူ   မိုက်ရိုင်ယန်က  ထောက်ပြပြောဆိုခဲ့ပါတယ်။
9 months Ago

April 2, 2020

တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲ၌ ကိုရိုနာကူးစက်ခံရသူများ အီးမေးလ်မှ မဲပေးရမည်

တောင်ကိုရီးယားနိုင်ငံမှာ ဧပြီလလွှတ်တော်ရွေးကောက်ပွဲအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ မဲရှင်တွေအနေနဲ့ အီးမေးလ်ကနေတဆင့် မဲပေးတာ ဒါမှမဟုတ် ပျက်ကွက်သူ မဲရှင်အဖြစ် မဲပေးတာတွေကို ဧပြီ ၂ ရက်နေ့က စပြီး ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပုံမှန်မြင့်နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပနေတာပါ။  ဧပြီ ၁၅ ရက် ရွေးကောက်ပွဲမှာတော့ အမျိုးသားညီလာခံမှာ လာမယ့်လေးနှစ်အတွက် အမတ် အယောက် ၃၀၀ ကို ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။ မဲရှင်တွေ ဘေးကင်းကင်းမဲပေးခွင့် သေချာစေရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ကူးစက်ခံ လူနာ အယောက် လေးထောင်ဟာ ကုသမှု ခံယူပြီးစီးပြီ ဖြစ်လို့ ပျက်ကွက်မဲ ဒါမှမဟုတ် အီးမေးလ်ကနေ မဲပေးနိုင်ကြပြီလို့ ပြည်ထဲရေး ဝန်ကြီး ချင်းယောင်က ပြောပါတယ်။ ဧပြီ ၂ ရက်နေ့ထိ အတည်ပြုချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်ခံ ၉၉၇၆ ဦး၊ သေဆုံးသူ ၁၆၉ ဦးရှိပြီဖြစ်ပါတယ်။ ကူးစက်ခံ ၅၈၂၈ ယောက်က နေပြန်ကောင်းလာခဲ့ပြီး ၄၁၄၈ ယောက်က ကုသမှု ခံယူနေဆဲလို့ ကိုရီးယား ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာန (KCDC) က အစီရင်ခံပါတယ်။   
11 months Ago
Up