ကိုရိုနာဗိုင်းရပ်စ်ကာလမှာ မန်ယူအသင်းဖော်တွေထဲက တဦးနဲ့ သီးသန့်ခွဲခြား နေထိုင်ရ မယ်ဆိုရင် အဲရစ်ဘိုင်ယီကို ရွေးချယ်မယ်လို့ ပေါ့ဘာက ပြောလိုက်ပါတယ်။
ပေါ့ဘာနဲ့ မန်ယူကစားသမားတွေဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းခွင့်မရသေး တာကြောင့် အိမ်မှာပဲ နေထိုင်လေ့ကျင့်နေရတာပါ။
အသင်းရဲ့ မီဒီယာနဲ့ အင်တာဗျူးတခုမှာတော့ ယူနိုက်တက်အသင်းဖော်တွေထဲက တဦးနဲ့ သီးသန့်ခွဲခြားပြီး နေထိုင်ရမယ်ဆိုရင် ဘယ်သူနဲ့ နေမှာလဲဆိုတဲ့ မေးခွန်း မေးမြန်းခဲ့တာပါ။
ဗိုင်းရပ်စ်ကာလအတွင်းမှာ အသင်းကစားသမားတွေအားလုံးနဲ့ အဆက်အသွယ်မပြတ်ဘဲ စကားပြောခဲ့ကြတယ်လို့ ပေါဘာက ပြောပါတယ်။
အဲဒီထဲက တဦးနဲ့ သီးသန့် နေရမယ်ဆိုရင် နောက်ခံလူ အဲရစ်ဘိုင်ယီကို ရွေးချယ်မှာဖြစ်ပြီး သူက တချိန်လုံးရယ်စရာတွေ ပြောတက်တာကြောင့်ဖြစ်တယ်လို့ ပေါ့ဘာကပြောပါတယ်။
အိမ်မှာပဲ နေထိုင်ရတဲ့အချိန်မှာ ကြံ့ခိုင်မူကောင်းမွန်လာဖို့ လုပ်ဆောင်နေပြီး ကျန်းမာအောင်နေတယ်လို့လည်း ပေါ့ဘာက ပြောကြားခဲ့ပါတယ်။
2 years Ago