ကိုရိုနာကာကွယ်တားဆီးရေး

A d v e r t i s e m e n t With Us

April 4, 2020

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ ကိုရိုနာကာကွယ်တားဆီးရေးအတွက် ပေါင် ၇ သောင်းခွဲလှူ

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေအတွက် ပေါင် ၇ သောင်းခွဲ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  ဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဌာနမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။  နေမာရဲ့ ပေါင် ၇ သောင်းခွဲ လှူဒါန်းငွေတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခံစားနေကြရတဲ့သူတွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။  အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ဥရောပ အောင်မြင်မှုရဖို့ ရုန်းကန်နေရပေမယ့် ကွင်းပြင်ပမှာတော့ အခုလို လှူဒါန်းခဲ့မှုအတွက် ချီးကျူးခံခဲ့ရပါတယ်။ 
11 months Ago
Up