ကိုရိုနာကာကွယ်ဆေး

A d v e r t i s e m e n t With Us

June 8, 2020

ကိုရိုနာကာကွယ်ဆေး အောင်မြင်ပါက ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်လုပ်မည်ဟု တရုတ်ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်ရာမှာ အောင်မြင်ခဲ့ရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့်အပြင် ကမ္ဘာလုံးဆိုင်ရာ ပြည်သူတွေသုံးဖို့ ထုတ်ကုန်အဖြစ် သုံးမယ်လို့ တရုတ်အစိုးရက ဇွန် ၇ ရက်မှာ ပြောလိုက်ပါတယ်။  ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးတိုက်ဖျက်ရေး စက္ကူဖြူစာတမ်းကို တရုတ်အစိုးရက ထုတ်ပြန်အပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးက ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။  တရုတ်အစိုးရဟာ နယ်စပ်ကနေ ဝင်ရောက်မှု အစီအစဉ်တွေကို တခြားနိုင်ငံတွေနဲ့အတူ အမြန်လုပ်မယ့်လမ်းကြောင်းအတွက် ဆက်ပြီးတွန်းအားပေး လုပ်ဆောင်နေသလို တခြားနိုင်ငံတွေဆီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ရေးအကူအညီတွေ၊ ကုန်စည်တွေကိုလည်း သင်္ဘောတွေနဲ့ တင်ပို့နေပြီး နိုင်ငံကြီးတနိုင်ငံရဲ့ တာဝန်ယူမှုကို ဖြည့်ဆည်းနေတယ်လို့ သူက ဆက်ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဟာ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် စစ်ပွဲ ဖြစ်မလာစေဖို့ တရုတ်မီဒီယာတွေက တိတိကျကျ အစီရင်ခံခဲ့ပြီးပြီ၊ တရုတ်ကို ဘယ်လို အသရေဖျက်မှုကိုမဆို တုံ့ပြန်သွားမယ်လို့ တရုတ်ဝါဒဖြန့်ချိရေး ဒုအကြီးအကဲက ပြောခဲ့ပါတယ်။
9 months Ago
Up