ကိုရိုနာကပ်ဘေ

September 13, 2020

ကိုရိုနာကပ်ဘေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံနိုင်ငံများ ကတိပြု

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဟာ စက်တင်ဘာ ၁၂ ရက်မှာ ပြီးဆုံးခဲ့ပြီး ကိုရိုနာကပ်ဘေး ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တောင်တရုတ် ပင်လယ်အငြင်းပွားမှုကို ဆွေးနွေးမှုတိုးလုပ်ရင်း ဖြေရှင်းရေး ကတိပြုခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ ရေလမ်းကြောင်း အများစုကို သမိုင်းကြောင်းအရ အချုပ်အခြာ ပိုင်ခဲ့တယ်လို့ တရုတ်က ပြောကြားခဲ့ပေမယ့် အိမ်နီးချင်းနိုင်ငံတွေ နဲ့အမေရိကန်ကတော့ ၁၉၈၂ ခုနှစ်မှာ တရုတ်ပါဝင်လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေသဘော တူညီချက် UNCLOS မှာ ပါတဲ့ နိုင်ငံတကာဥပဒေအခြေခံနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ UNCLOS ပါဝင်တဲ့ နိုင်ငံတကာဥပဒေနဲ့ တသမတ်တည်းဖြစ်တဲ့ တောင်တရုတ် ကျင့်ဝတ်စည်းမျဉ်း မူကြမ်းရေးဖို့ ညှိနှိုင်းရာမှာ တိုးတက်မှု ရှိတယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက  စက်တင်ဘာ ၁၀ ရက်က ပြောခဲ့ကြပါတယ်။  လေးရက်ကြာ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တဲ့ တခြားကိစ္စရပ်တွေကို အနှစ်ချုပ် ပြန်လုပ်တဲ့ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက  ဒီဇင်ဘာ ၃၁ ရက်နေ့ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် ဗြိတိန်နဲ့ ပိုနီးကပ်တဲ့ ကုန်သွယ်ရေး ဆက်ဆံဖို့ အာဆီယံက ချင့်တွက်နေကြောင်း ပြောပါတယ်။  စက်တင်ဘာ ၉ ရက်က စတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သြဇာ လွှမ်းရေး အားပြိုင်နေတဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှု ဖြေလျှော့ဖို့ ကြိုးစားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရာမှာ ညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်ထားပါတယ်။  နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးဖိုရမ်မှာ ရုရှား၊ ဂျပန်၊ သြစတြေးလျ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း အွန်လိုင်းကနေ ညီလာခံကို ပူးပေါင်‌ေတက်ရောက်ခဲ့ပါတယ်။  အာဆီယံနိုင်ငံတွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ပါတယ်။
9 months Ago

August 27, 2020

အမေဇုန်တောမီးကြောင့် ကိုရိုနာကပ်ဘေးသေဆုံးမှု ပိုဆိုးစေနိုင်ဟု သုတေသီများ သတိပေး

ဘရာဇီးနိုင်ငံ အမေဇုန်တောမှာ လောင်နေတဲ့ တောမီးက အနားကမြို့တွေရဲ့ လေထု အရည်အသွေးကို ပိုဆိုးစေလို့ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကြောင့် လူသေဆုံးနှုန်းကို ပိုဆိုးရွားလာစေတယ်လို့ သုတေသီတွေက သြဂုတ် ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။  ၂၀၁၉ တောမီးတွေကြောင့် အသက်ရှူလမ်းကြောင်း ဝေဒနာခံစားရတဲ့အတွက် လူ ၂၁၉၅ ယောက် ဆေးရုံတက် ကုသခဲ့ရတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။  လတ်တလော တောမီးတွေဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်လို့ ပိုပြင်းထန်တဲ့ ဝေဒနာကို ခံစားရစေပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က သတိပေးခဲ့ပါတယ်။  အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သြဂုတ်ရဲ့ ပထမ ၁၂ ရက်အတွင်း လောင်တဲ့ တောမီးအရေအတွက်က မနှစ်က ခုလိုအချိန်မှာ လောင်တဲ့ တောမီးအရေအတွက်နဲ့ အတူတူ လောက်ပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဒါပေမယ့် ဇူလိုင်လထိ ၁၂ လအတွင်း သစ်တောပြုန်းတီးမှုနှုန်းကတော့ မနှစ်ကနဲ့ စာရင် ၃၄.၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။  သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေးနဲ့ တောမီးတွေ ငြှိမ်းသတ်ရေးအတွက် သမ္မတက စစ်တပ်ကို မေလကစပြီး စေလွှတ် တပ်ချထားပါတယ်။  ဒါပေမယ့် အလုပ်ဖြစ်ပါ့မလားလို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက မေးခွန်းထုတ်ခဲ့ ကြပါတယ်။ 
10 months Ago
More News
Up