ကိုရာနာဗိုင်းရပ်စ်

March 26, 2020

အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများကို မီးသင်္ဂြိုဟ်ရန် စစ်ကားများဖြင့် သယ်ဆောင်

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ စုပုံနေတာမို့ မတ် ၂၅ ရက်က နိုင်ငံမြောက်ပိုင်း ဘုရားကျောင်းတခုက ခေါင်းတလားတွေကို မီးသင်္ဂြိုဟ်ဖို့ စစ်ကားတွေနဲ့ သယ်ဆောင်ခဲ့ပါတယ်။ ဘာဂါမိုမြို့တောင်ပိုင်း ကီလိုမီတာ ၃၀ အကွာမှာရှိတဲ့ ဆီရီယာတေအရပ်က ဘုရားကျောင်းတခုမှာ  ခေါင်းတလားတွေ စုပုံနေပါတယ်။ ဘာဂါမိုမြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးခံစားရတဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။  အခုဆိုရင် လွမ်ဘာဒီဒေသ ဘုရားကျောင်းတွေက ခေါင်းတလားတွေကို စစ်ကားတွေ အသုံးပြုပြီး မီးသင်္ဂြိုဟ်မယ့် နေရာဒေသအသီးသီးကို ပို့ဆောင်နေတာ ရက်ချီနေပါပြီ။ မတ် ၂၆ ရက် မနက် ၉ နာရိအထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၄၃၈၆ ဦး သေဆုံးသူ ၇၅၀၃ ဦးနဲ့ ပြန်ကောင်းလာသူ ၉၃၆၂ ဦးရှိတယ်လို့  Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
1 year Ago

March 23, 2020

ပဲခူးမြို့တွင် ကိုရာနာဗိုင်းရပ်စ်ကာကွယ်ရေး လက်ဆေးကမ်ပိန်း ပြုလုပ်

ကိုရာနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစပ်ခံရမှုမရှိစေဖို့အတွက် လက်ဆေးခြင်း ကမ်ပိန်းကို ပဲခူးမြို့မှာ နေ့စဉ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံအတော်များများမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့အတွက် ပြည်သူတွေ ကျန်းမာရေးသတိရှိဖို့နဲ့ ကြိုတင်ကာကွယ်တဲ့နေရာမှာ အဓိကကြတဲ့ လက်ဆေးခြင်းကမ်ပိန်းကို မတ် ၂၁ ရက်နေ့ကစပြီး ပဲခူးမြို့ရဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ စျေးတွေ၊ ဘုရားတွေနဲ့ ကားဂိတ်တွေမှာ နေ့စဉ်ပြုလုပ်နေတာလို့ ပဲခူးမြို့ ပရဟိတ လူငယ်အဖွဲ့က ကိုကျော်မျိုးဦးက ပြောပါတယ်။ အခုကမ်ပိန်းကို ပဲခူးဆေးရုံအုပ်ကြီး အပါအဝင် ပဲခူးမြို့က မြို့မိမြို့ဖတွေ၊ စည်ပင်ကော်မတီဝင်တွေနဲ့ ပရဟိတ လူငယ်တချို့က ဦးဆောင်ပြီး လုပ်ဆောင်နေကြတာပါ။ လက်ရှိမှာ ပြည်သူအတော်များများက ဘာကြောင့် ခုလို လက်ဆေးတာတွေ ပြုလုပ်နေကြတယ်ဆိုတာတွေကို မသိသူတွေ ရှိနေတယ်လို့ စည်ပင်တာဝန်ရှိသူတဦးက ပြောပါတယ်။ “မဖြစ်ခင်ကတည်းက အခုလို ကာကွယ်ရေးလုပ်ငန်းတွေကို ပြုလုပ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ လေးလည်းလေးစားတယ်။ ကျေးဇူးတင်တယ်” လို့ ပဲခူးစျေးသည်တဦးက ပြောပါတယ်။ အခုလို လက်ဆေးခြင်းကမ်ပိန်း ပြုလုပ်ဖို့အတွက် Hand Gel အပါအဝင် ပန်းဖလက်ဖိုး တနေ့ကို ၂ သိန်းဝန်းကျင်လောက် ကုန်ကျနေပြီး လက်တလော မြို့မိမြို့ဖတွေကနေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
1 year Ago
Up