ကိုရင်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမသည့် ဘုန်းကြီးရုပ်သံ ဝေဖန်ခံရ

A d v e r t i s e m e n t With Us

October 31, 2016

ကိုရင်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမသည့် ဘုန်းကြီးရုပ်သံ ဝေဖန်ခံရ

ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် ကိုရင်လေးတပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတဲ့ ဘုန်းကြီးတပါးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်မှာ စိတ်ဆိုးဒေါသထွက်နေကြပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ အဆိုပါ ကိုရင်လေးဟာ အသက် ၁၂၊ ၁၃ နှစ်အရွယ်လောက်သာ ရှိဦးမှာဖြစ်ပြီး ဘာသာရေးသင်ခန်းစာ သင်ကြားချိန်မှာ သူက အပြစ်လုပ်ခဲ့လို့ ခုလို ဆုံးမရိုက်နှက်ခဲ့တာဖြစ်မယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီကိုရင်လေးကို တုတ်နဲ့ ရိုက်နှက်ခဲ့ပြီး ကိုရင်လေးက အော်ဟစ်ငိုယိုကာ ရပ်တန့်ဖို့ တောင်းပန်နေခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အကြိမ်ရေ ၃ သန်းခွဲလောက် ၀င်ရောက်ကြည့်ရှုခဲ့ကြတာပါ။ အင်တာနက်အသုံးပြုသူတွေဟာ အဲဒီအဖြစ်အပျက် ဖြစ်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို ရှာဖွေဖို့ ပြောဆိုဝေဖန်နေကြကာ ခုလိုကျူးလွန်တဲ့ ဘုန်းကြီးကိုလည်း ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေကြတာပါ။ ဒီဘုန်းကြီးကျောင်းဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး နေရာတိတိကျကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတော့ ကိုရင်လေးရဲ့ ကျောဘက်မှာ ရိုက်နှက်ခံရလို့ ရခဲ့တဲ့ အရှိုးရာတွေနဲ့ ဒဏ်ရာတွေကို မြင်ရပါတယ်။ လက်ရှိမှာလည်း ထိုင်းဘုန်းကြီးတွေဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွေနဲ့ ဝေဖန်စရာတွေ ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကတော့ ထိုင်းဘုန်းကြီးတပါးဟာ သီးသန့် စင်းလုံးငှားလေယာဉ်နဲ့ နိုင်ငံခြားကို ဈေးဝယ်ထွက်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါသေးတယ်။
4 years Ago
Up