ကိုယ်ဝန်ရှိ

March 6, 2020

ချစ်သူ အော်လန်ဒိုဘလွန်းရဲ့ ကိုယ်ဝန်ရှိနေကြောင်း ဖော်ပြလိုက်သည့် ကေတီပယ်ရီသီချင်းသစ်(ရုပ်သံ)

နာမည်ကျော် တေးသံရှင်တဦးဖြစ်တဲ့ ကေတီပယ်ရီဟာ ချစ်သူ ဟောလိဝုဒ်သရုပ် ဆောင်မင်းသား အော်လန်ဒိုဘလွန်းနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သီချင်းသစ်တပုဒ်ထဲ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ “Never Worn White” လို့ အမည်ရတဲ့ ဒီသီချင်းထဲမှာတော့ ကေတီပယ်ရီကို အဖြူ ရောင်ဝတ်စုံနဲ့ ကိုယ်ဝန်လွယ်ထားခဲ့ပြီး သရုပ်ဆောင်ထားတာကို မြင်တွေ့ကြရမှာပါ။ ခက်ခဲတဲ့ မိသားစုဘဝအခြေအနေကြား ဖြတ်သန်းခဲ့ရတဲ့ ကေတီပယ်ရီရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ကိုတော့ သူ့နာမည် “Katy Hudson” အမည်နဲ့ထွက်ရှိခဲ့တာပါ။ အဲ ဒီနောက်မှာတော့ သူ့ရဲ့ နာမည်ကြီး တကိုယ်တော်တေးအယ်လ်ဘမ်တွေဖြစ်တဲ့ One of the Boys (2008) ၊ Teenage Dream (2010, reissued in 2012 as Teenage Dream: The Complete Confection) ၊ Prism (2013) ၊ Witness (2017) စတဲ့ တေးအယ်လ်ဘမ် တွေ ထွက်ရှိခဲ့တာပါ။ ဆယ်ကျော်သက်ဘဝကတည်းက ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ ကေတီပယ်ရီရဲ့ သီချင်းပေါင်းများစွာဟာ ထူးခြားဆန်းသစ်တဲ့ သီဆိုဟန်၊ ရိုက်ချက်တွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး "Teenage Dream" ၊ "Firework" ၊ "E.T."(featuring Kanye West) ၊ "Last Friday Night (T.G.I.F.)" ၊ "The One That Got Away" ၊ "Part of Me" ၊ "Roar" ၊ "Dark Horse"(featuring Juicy J) သီချင်းတွေဟာ ထင်ရှားပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ်မှာတော့ ဗြိတိန်ဟာသသရုပ်ဆောင်မင်းသား Russell Brand နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ လတ်တလောမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက တွဲနေခဲ့တဲ့ ဗြိတိန်သရုပ်ဆောင် မင်းသား အော်လန်ဒိုဘလွန်းနဲ့ စေ့စပ်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကေတီပယ်ရီဟာ ဂရမ်မီဆု ၁၃ ဆုအပါအဝင် တေးဂီတထူးချွန်ဆုပေါင်း ရာနဲ့ချီ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့  အသစ်ထွက်ရှိလာတဲ့ သူ့ရဲ့ “Never Worn White” သီချင်းဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ် ကြည့်ရှုသူ ၁၀ သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up