ကိုယ်ဝန်ဆောင်အမျိုးသမီး

October 15, 2021

မိုင်းကိုင်တွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွားပြီး သေဆုံး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ကလေးမွေးဖွားအပြီး သေဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အသက်ရှူကြပ်ရောဂါခံစားနေရကာ ကိုယ်ဝန် ၈ လနဲ့ ကလေးမွေးဖွားအပြီး မကြာမီ သေဆုံးခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်က ကိုဗစ်-၁၉ ရောဂါဖြစ်နေတယ်။  လွန်ခဲ့တဲ့တစ်ပတ်ကတည်းက အိမ်မှာ ကြိတ်ပြီးဆေးကုနေတာ။ ခု အသက်ရှူကြပ်ပြီး ဆေးရုံရောက်လာတယ်။ ကလေးကိုတော့ မွေးပေးနိုင်ခဲ့တယ်၊ မိခင်ကိုတော့ လက်လွှတ်လိုက်ရတယ်" လို့ မိုင်းကိုင်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ဟာ  မိန်းကလေးတစ်ဦးကို မနက် ၁၁ နာရီခွဲမှာ မွေးဖွားအပြီး နေ့လယ် ၁ နာရီ ကိုဗစ်ကြောင့် သေဆုံးသွားကာ ကလေးကတော့ ကျန်းမာတယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅ ဦး၊  ဆေးကုသမှုခံယူနေသူ ၁၀ ဦး နဲ့ သေဆုံးသူ ၃ ဦးရှိပြီလို့ သိရပါတယ်။

2 days Ago

June 6, 2020

ကျောက်ဖြူ FQ စင်တာတွင် တရုတ်က ပြန်လာသည့်ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပညာရေးကောလိပ်ခြံဝင်းရှိ Facility Quarantine စင်တာ ၅ ရှိ ပိုးဝါဆောင်မှာ ကန့်သတ်စောင့်ကြည့်နေတဲ့ တရုတ်ကပြန်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဒီနေ့မနက် ကလေးမွေးဖွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။ “တရုတ်ကပြန်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးပေါ့၊ သူ့ရဲ့အမျိုးသားနဲ့အတူလာကြတာပါ။ သူတို့ကို နိုင်ငံခြားပြန်တွေထားတဲ့ ပိုးဝါဆောင်မှာ ထားထားတယ်။ အဲဒါ ဒီနေ့မနက်က ဗိုက်နာနေလို့ဆိုပြီး အကြောင်းကြားတဲ့အတွက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးကို အကြောင်းကြားလိုက်တော့ ဆေးရုံကကားနဲ့ အဲဒီအမျိုးသမီးကို သယ်ဆောင်ဖို့သွားတဲ့အချိန်မှာပဲ အမျိုးသမီးက ကလေးမွေးထားပြီးပြီပေါ့။ အဲဒါ အခုအဲဒီအမျိုးသမီးနဲ့ ကလေးကိုတော့ ဆေးရုံကိုယူသွားပါပြီ။ ကလေးကိုတော့ ပိုးဝါသူ ဆိုပြီးတော့ နာမည်ပေးထားလိုက်ကြတယ်။” အဆိုပါအမျိုးသမီးနဲ့ကလေးမှာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ထားရှိပြီး ကျန်းမာရေးကောင်းမွန်စွာတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့မှာ Facility Quarantine စင်တာ ၅ ခုရှိပြီး ပညာရေးကောလိပ်ခြံဝင်းအတွင်း ၄ ခုနဲ့ မြင်းပြင်အိမ်ရာတွင် ၁ ခုရှိကာ ပြည်တွင်းနဲ့နိုင်ငံခြားက ပြန်လာသူ စုစုပေါင်း ၁၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။ နောင်နောင်
1 year Ago
More News
Up