ကိုယ်ဝန်ဆောင်မိခင်

A d v e r t i s e m e n t With Us

November 22, 2020

ပုသိမ်ဆေးရုံကြီးတွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်မိခင်အား အောင်မြင်စွာခွဲမွေးနိုင်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ ခွဲမွေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်ကာ ရောဂါတွေ့ရှိလို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရောက်ရှိလာတဲ့ ကိုဗစ်လူနာဖြစ်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။ "သူစရောက်လာတယ်က မွေးမယ်ဆိုတာ သိတော့ ခွဲမွေးဖို့ ကြိုတင်ပြင်ဆင်ခဲ့တာ၊ ဒီနေ့ မနက် လူနာက ဗိုက်နာလာတော့ ခွဲမွေးဖြစ်ပါတယ်၊ ကလေးရော မိခင်ရော ကျန်းမာရေး ကောင်းပါတယ်" လို့ပြောပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်လူနာကို ခွဲခန်းဝင်တဲ့ ဆရာဝန် ဆရာမတွေက PPE ဝတ်ကာ ခွဲစိတ်ပေးခဲ့ပြီး မနက် ၁၀ နာရီ ၄၀ အချိန်မှာ သမီးမိန်းကလေး ၁ ဦး အောင်မြင်စွာ မွေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၂၆၁ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၂၄၂ ဦးရှိကာ သေဆုံးလူနာ ၁ ဦးရှိတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)  
2 months Ago

November 14, 2020

ချောက်တွင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့တယ်လို့ မြိုနယ်ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ မြို့နယ်ကျန်မာရေးဌာန ကူးစက်​ရောဂါတာဝန်ခံ ကျန်းမာရေးမှူး ဦးသူရအောင် “ရန်ကုန်ပြန် FQ မှာထားတဲ့ လူနာပါ။ ၁၂ ရက်နေ့ကရောက်တယ်၊ အဲဒီနေ့မှာပဲ စစ်တာ ဒီကနေ့သိရတာ” လို့ ပြောပါတယ်။ ချောက်မြို့နယ် တွင်လပ်အုပ်စု ကဗျူကျေးရွာနေ အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ရန်ကန်ကပြန်လာပြီး အမှတ် ၁၀ အေးစေတီရပ် မဟာစည်ရိပ်သာမှာ ကွာရင်တင်း ထားရှိထားတာဖြ်ပြီး သူနဲ့အတူ ဆေးစစ်ခဲ့သူ ၁၃ ဦးမှာတော့ ပိုးမတွေ့ရှိဘူလို့ သိရပါတယ်။ ချောက်မြို့နယ်မှာ ဒီနေ့မနက်အထိ ပိုးတွေ့လူနာပေါင်း ၂၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံမှာ လက်ရှိ ၆ ဦးသာ ဆေးကုသမှုခံယူနေကာ ကျန်လူနာတွေကတော့ သက်သာ ပျောက်ကင်းသွားပြီလို့ သိရပါတယ်။ ကိုလင်း(ချောက်)
2 months Ago
More News
Up