ယီမင်နိုင်ငံတောင်ပိုင်းက ခွဲထွက်ရေးအုပ်စုဟာ သူတို့ ထိန်းချုပ်မှု အောက်က နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် တည်ထောင်မယ်လို့ ဧပြီ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။
ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရကတော့ ဒီလုပ်ရပ်ဟာ ကပ်ဆိုက်မယ့် နောက်ဆက်တွဲ ပြဿနာတွေ ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးအဖွဲ့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီနဲ့ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရတို့ကြား ပဋိပက္ခအသစ်တွေ ပြန်စလာနိုင်တာပါ။
ကုလသမဂ္ဂကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သေချာစေဖို့ ကြိုးစားနေပါတယ်။
ယီမင်နိုင်ငံမှာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေကြောင့် သမ္မတ ဟာဒီရဲ့အစိုးရဟာ ဆော်ဒီအာရေဗျကို ထွက်ပြေးခဲ့ရတာပါ။
ဒါပေမယ့် ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်က ယီမင် အစိုးရဘက်က ပြန်တိုက်ပေး ခဲ့လို့ ယီမင်နိုင်ငံထဲမှာ ၆နှစ်ကြာ စစ်ပွဲ ဖြစ်နေပါတယ်။
ဒီပဋိပက္ခဟာ ဆော်ဒီနဲ့ အီရန်ကြားက ကြားခံတွေထား တိုက်နေတဲ့ စစ်ပွဲလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
လူ ၁ သိန်းကျော် သေဆုံးပြီးဖြစ်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့ပေမယ့် ဟူသီတွေဟာ ယီမင်ရဲ့ အဓိက အကျဆုံး မြို့ကြီးတွေကို သိမ်းပိုက်ထားနိုင်ဆဲပါ။
ယီမင်စစ်ပွဲကြောင့် သန်းချီတဲ့ လူတွေ အငတ်ဘေး ဆိုက်လုနီး ဖြစ်နေပြီး နိုင်ငံတကာ အကူအညီကို မှီခိုနေရပါတယ်။
10 months Ago