ကိုယ်ပိုင်သံစဉ်သီချင်း

September 16, 2020

ကွယ်လွန်သူအဆိုတော် ဗဒင်မျိုးဆက် သော်ဖိလုဒင် ကိုယ်ပိုင်သံစဉ်သီချင်းသစ်-“ဝေး”(ရုပ်သံ)

တချိန်က ဂီတလောကမှာ ထင်ရှားခဲ့ပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော် ဗဒင်ရဲ့ တဉီးတည်းသော ရင်သွေးမျိုးဆက်ဖြစ်တဲ့ သော်ဖိလုဒင်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။   “ဝေး”လို့အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သော်ဖိလုဒင်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို ထားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံးသော ဂီတခြေလှမ်းသစ်အနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ “တချိန်က ကိုယ့်ရဲ့ဘဝဆိုတာ… လိုတိုင်းရခဲ့တဲ့ ဘဝမို့… ဒီဉာဏ်နဲ့ တလောကလုံးကို… ဝါးမြိုပစ်ဖို့လဲ တွေးဖူးတယ်… ငါ ရူးသွားမှန်း ရူးသွားမှန်း… သိလိုက်ရတဲ့ အခိုက်မှာ… ဘယ်သူမှမရှိ ငါရပ်လိုက်ပြီး… လှည့်ကြည့်တော့… အိုး ငါ့ပတ်ပတ်လည်… ဟင်းလင်းပြင်”         ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော် ဗဒင်ဟာ ၁၉၉၃ ခုနှစ်က ပထမဆုံးထွက်ရှိခဲ့တဲ့ “နေရာ”တေးအယ်လ်ဘမ်တချပ်တည်းနဲ့တင် အအောင်မြင်ဆုံး အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ သီချင်းတွေဟာ နိုင်ငံအနှံ့ တောရောမြို့ပါမကျန် အားပေးလက်ခံမှု ရရှိ ခဲ့ပါတယ်။ အဲဒီကာလမတိုင်ခင်ကတော့ ဗဒင်ဟာ တေးရေးဆရာတယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး သူရေးခဲ့တဲ့ “ရိုးရိုးအေးအေးကြီးကိုပဲ”၊ “အသည်းစွဲ”စတဲ့ သီချင်းတွေကတော့ ထင်ရှားပါတယ်။     ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း သီးသန့်သီဆိုခဲ့တဲ့ ဗဒင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “သိုးမည်းတွေအကြောင်း”ကလည်း သူ့ရဲ့ ဘဝတစိတ်တဒေသကို ဖော်ပြနေခဲ့တာပါ။         နောက်ထပ်ထူးခြားတာကတော့ ဗဒင်ဟာ အအောင်မြင်ဆုံး တေးအယ်လ်ဘမ်လို့ ဆိုရမယ့် “နေရာရဲ့နောက် “ဒီနေ့”၊ “မမေ့ပါဘူး”၊ “အရှိအတိုင်း” စတဲ့ စုစုပေါင်း တေး အယ်လ်ဘမ် ၄ ချပ်သာ တသက်တာမှာ ထုတ်ဝေခဲ့ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့သီချင်းတွေထဲက “အဟောင်းဆိုင်”၊ “ချစ်အသည်းကျော်မလေး”၊ “သိပ်ချစ်တာပဲ”၊ “ဒီအတိုင်းပဲဆင်းလာခဲ့”စတဲ့ သီချင်းတွေကတော့ လူငယ်တွေရဲ့ ပါးစပ်ဖျား ရေပန်းစား သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ “ပျိုပျိုမေရဲ့ သိုးမည်းကြီး”အမည်နဲ့ အမှတ်တရ ဖျော်ဖြေပွဲတခုကို သားဖြစ်သူ သော်ဖိလုဒင်နဲ့ အဆိုတော်တွေ သီဆိုဖျော်ဖြေခဲ့ကြ ပါသေးတယ်။ “နာကျင်ဝေဒနာဒဏ်ရာ… အစပြုတဲ့အချိန်… တယောက်ထဲရှိတာ… မကောင်း မှန်းသိချိန်… အူး… မနေချင်တော့ဘူးသိလား… ကြင်နာသူဝေး… စာနာသူဝေး… အော် ရယ်သံလေးတောင် မကြားရတော့တဲ့ ဘဝ… အရာရာ ပြောင်းလဲချင်ပြီ… ချစ်တဲ့သူရဲ့ အနီး… ပျော်စရာဖန်တီး… အကြင်နာသာထုဆစ်မည်… အူး… နေ့ရက်သို့ရောက်ချင်ပြီ” ခုတခါမှာတော့ “ဝေး”သီချင်းထဲမှာ သော်ဖိလုဒင်ရဲ့ ဆန်းသစ်တဲ့ ဂီတဖန်တီးမှုပုံစံ တမျိုးနဲ့ သီဆိုဟန်ကို ပရိသတ်တွေက Apple Music ၊ Spotify ၊ Youtube ၊ Joox ၊ Amazon Music ၊ Tidal ၊ Myanmar Music Store စတဲ့ ဂီတပလက်ဖောင်းတွေပေါ်က တဆင့် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။  
1 year Ago

March 11, 2020

အသစ်ထွက်ရှိလာသည့် ဆုန်သင်းပါရ်ကိုယ်ပိုင်သံစဉ်သီချင်း-အဖြူရောင်(ရုပ်သံ)

       “အဖြူရောင်စည်းတွေက တို့နှစ်ယောက်အလယ်မှာ ခြားထား… တချိန်မှာ ဒီစည်း လေး တို့ ကျော်မိမလား… အသေအချာ မသိပေမယ့် တိုးတိတ်ရင်ခုန်မိတယ်… ဒါပေမယ့် မိန်းမသားမို့ ခက်ပြီကွယ်”        ဒါကတော့ အသစ်ထွက်ရှိလာတဲ့ ဝါရင့်အမျိုးသမီး အဆိုတော် ဆုန်သင်းပါရ်ရဲ့ သီ ချင်းသစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစား နေခဲ့တာပါ။        “အဖြူရောင်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေး တဦးဖြစ်တဲ့ စံပီးက ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။        “အကြင်နာ စကားတွေနဲ့… ဖွဲ့နွဲ့ကာ မဆိုမိလည်း… ခိုင်မာနှောင်ကြိုး ရစ်ပတ် တွယ်ငြိဆဲ… တခါတရံအကြည့်တွေက မရိုးသားတာ ငါသိလည်း… အတူတူဇွတ်တိုးခွင့်မှ တို့မပိုင်ပဲ”        သူငယ်ချင်းသံယောဇဉ်နဲ့ နှောင်ကြိုးတွေကြား ခြားနားတဲ့ စည်းတွေကြားက လှပ တဲ့ အချစ်ပုံပြင်တပုဒ်လို ဖွဲ့သီထားခဲ့တဲ့ ဒီသီချင်းဟာ ဆုန်သင်းပါရ်ရဲ့ အားကောင်းတဲ့ အသံပါဝါ နဲ့ လိုက်ဖက်နေခဲ့တာကို ခံစားနားဆင်ကြရမှာပါ။ ဒီသီချင်းရုပ်သံကိုတော့ ပရိသတ်အချစ်တော် မျက်နှာသစ်သရုပ်ဆောင်တွေ ဖြစ် ကြတဲ့ အောင်ရေချမ်းနဲ့ မေမြင့်မိုရ်တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဒါရိုက်တာ ခင်မြန် မာက ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။ “သူငယ်ချင်းလည်းမက… တကယ်ရည်းစားလည်းမကျမို့… တို့နှစ်ယောက်အဖြစ် ဟာ ဘာလဲကွာ… လူတိုင်းမေးတော့… ဖြေရှင်းရလည်း ခက်ပေါ့… ဒါတွေ နင်မသိတော့ လည်း ခက်ပါစေတော့” “ကမ္ဘာကြီးက ကျဉ်းတယ်ဆိုပေမယ့်”၊ “သခင်”၊ “အကြင်နာစစ်ရင်”စတဲ့ နာမည် ကျော်သီချင်းတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ ဆုန်သင်းပါရ်ဟာ လက်ရှိအချိန်ထိ ဂီတလောကမှာ တေးသီချင်းတွေ များစွာ ဆက်လက်သီဆိုလျှောက်လှမ်းနေသူလည်း ဖြစ် ပါတယ်။ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ “ကိုယ့်အကြောင်းနဲ့ကိုယ်”၊ “ဆက်ရန်”၊ “မင်းကို”၊ “လိုရာဆု”စတဲ့ တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေ ပေါင်းများစွာမှာလည်း ပါဝင်သီဆိုခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ “ဖြစ်တည်မှုသီချင်းများ” လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိထားခဲ့ပါတယ်။ ခုလတ်တလောအသစ်ထွက်ရှိလာတဲ့ “အဖြူရောင်”သီချင်းကိုတော့ Tay Than Thar Music ကနေတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up