ကိုယ်ပိုင်လေယာဉ်

October 15, 2020

ကိုဗစ်ကူးစက်ခံထားရသည့် ရော်နယ်ဒို ကိုယ်ပိုင်လေယာဉ်ဖြင့် အီတလီ ပြန်ရောက်လာ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ရော်နယ်ဒိုဟာ  အောက်တိုဘာ ၁၄ ရက်က အီတလီနိုင်ငံ တူရင်မြို့ကို ပြန်ရောက်လာတယ်လို့ သိရပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ပုဂ္ဂလိက ဂျက်လေယာဉ် နဲ့ အီတလီကို ပြန်လာခဲ့တာဖြစ်ပါတယ်။  အီတလီက သူ့ရဲ့နေအိမ်မှာ သီးသန့်နေထိုင်သွားရမှာဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။  ရော်နယ်ဒိုအနေနဲ့ ခရိုတိုနီနဲ့ စီးရီးအေပွဲစဉ်၊ ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။  ဒါ့အပြင် အောက်တိုဘာ ၂၈ ရက် ကစားမယ့် ဘာစီလိုနာနဲ့ ပွဲစဉ်ကို ကစားခွင့်ရဖို့အတွက် အောက်တိုဘာ ၂၁ ရက်မှာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားဖို့ လိုအပ်မယ်လို့ သိရပါတယ်။ 
7 months Ago
Up