ကိုယ်တိုင်လုပ်

August 29, 2020

နယူးဇီလန်ဝန်ကြီးချုပ် နှာခေါင်းစည်း ကိုယ်တိုင်လုပ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရာမှာ အထောက်အပံ့ဖြစ်စေဖို့ ကိုယ်တိုင် နှာခေါင်းစည်း လုပ်နေတယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က  သြဂုတ် ၂၈  ရက်မှာ  ပြောဆိုလိုက်ပါတယ်။   လေဘာပါတီအရောင်ဖြစ်တဲ့ အနီရောင် နှာခေါင်းစည်း ကိုယ်တိုင်လုပ်ပုံကို ဝန်ကြီးချုပ် အာဒန်က ဖေ့စ်ဘွတ်ခ် ဗွီဒီယိုကနေ ပြသခဲ့တာပါ။ ဗွီဒီယိုထဲမှာ ဝန်ကြီးချုပ် အာဒန်က ဒါဟာ သူရဲ့ ပထမဆုံး လက်မှုပညာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။    ဒေသကျန်းမာရေးဌာနမှူးနဲ့အတူ အာဒန်က အနီရောင် ပိတ်စ၊ ခေါင်းစည်းကြိုး နှစ်ခုနဲ့  ကိုယ်တိုင် နှာခေါင်းစည်း  လုပ်ခဲ့ပါတယ်။    လူဦးရေ ၅ သန်း ဝန်းကျင်ရှိတဲ့ ပစိဖိတ်ကျွန်းနိုင်ငံ နယူးဇီလန်မှာ တင်းကျပ်တဲ့ အစီအမံတွေကြောင့် ဒေသတွင်း ကိုဗစ်-၁၉  ကူးစက်တာကို တားဆီးနိုင်ခဲ့ပေမယ့်  အသစ်တဖန်  ရောဂါဖြစ်ပွားမှုကြောင့်  အကြီးဆုံး အော့ကလန်မြို့မှာ  စည်းကမ်းချက်တွေ ပြန်ချမှတ်ခဲ့ရပါတယ်။ 
1 year Ago
Up