ကိုယ်ခံအား

A d v e r t i s e m e n t With Us

April 12, 2020

ကိုရိုနာဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်ကို တိုက်ခိုက်နိုင်ဟု သိပ္ပံပညာရှင်များ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ဟာ HIV လိုမျိုး လူ့ကိုယ်ခံအားစနစ်ရဲ့ စွမ်းအားမြင့် ကာကွယ်ရေးဆဲလ်တွေကို တိုက်ခိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေသတိပေးလိုက်ပါတယ်။ ဒီတွေ့ရှိချက်ကို ရှန်ဟိုင်းနဲ့ နယူးယောက်တို့က သုတေသီအဖွဲ့တစ်ခုကတွေ့ခဲ့တာ ဖြစ်ပြီး Covid – 19 ဟာ HIV လူနာတွေမှာ တွေ့ရသလိုမျိုး လူ့ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်နိုင်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ တွေ့ရှိချက်နဲ့လည်း တူညီနေပါတယ်။ ရှန်ဟိုင်း ဖူဒန်တက္ကသိုလ်က လူလူနဲ့ နယူးယောက်သွေးစင်တာက ဂျန်ရှီဘိုတို့က ဒီလေ့လာမှု ကို ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး Sars-CoV-2 လို့ ထင်ရှားတဲ့ သက်ရှိ ဗိုင်းရပ်စ်တမျိုးကို ဓာတ်ခွဲ ခန်းတွင်းက T lymphocyte ဆဲလ်နဲ့ စမ်းသပ်ခဲ့တာလို့ ဧပြီ ၁၂ ရက်နေ့ South China Morning Post သတင်းမှာ ဖော်ပြပါတယ်။ T ဆဲလ်လို့ ထင်ရှားတဲ့ T lymphocytes ဟာ ခန္ဓာကိုယ်တွင်း ကျူးကျော်လာတဲ့ ဗိုင်းရပ်စ်တွေကို ရှာဖွေနှိမ်နင်းတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။  သူတို့နှစ်ဦးဟာ ဒီလေ့လာမှုကို ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဆဲလ်တခုကိုဖမ်းယူကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆဲလ်ရဲ့အမှေးပါးကိုအပေါက်ဖော်ကာ ဓာတုအဆိပ်ကို ထည့်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ ဓာတုအဆိပ်ဟာ ဗိုင်းရပ်စ်နဲ့ ဗိုင်းရပ်စ်ကူးစက်ခံဆဲလ်ကို သေစေခဲ့တာ တွေ့ရပြီး သူတို့ဟာ အပိုင်းပိုင်းပြိုကွဲစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့တာက စမ်းသပ်မှုအတွင်း T ဆဲလ်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ သားဥအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။  ဒီလေ့လာမှုမှာ ဗိုင်းရပ်စ်ရဲ့ ပရိုတင်းဓာတ်ကိုလဲ ရှာတွေ့ခဲ့ပြီး တခုနဲ့တခုထိတွေ့ချိန်မှာ ဒီပရိုတင်းဟာ viral envelope တခုနဲ့ ဆဲလ်အမြှေးပါးတခု ဖြစ်စေတဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံတခုကို တွေ့ခဲ့ရတာဖြစ်ပါတယ်။  အဲ့ဒီနောက်မှာ ဗိုင်းရပ်စ် ဗီဇတွေဟာ T ဆဲလ်အတွင်းကိုဝင်ရောက်ပြီး ဆဲလ်ရဲ့ကာကွယ်ရေး လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ သုတေသီတွေဟာ စမ်းသပ်မှုတွေကို Sars ဗိုင်းရပ်စ်နဲ့လည်း လုပ်ဆောင်ခဲ့ပြီး Sars ဗိုင်းရပ်စ်ဟာ T ဆဲလ်တွေကို ထိခိုက်နိုင်တဲ့ အစွမ်းသတ္တိမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။  ဒီလိုဖြစ်ရတာအ မြှေးပါးရဲ့ပေါင်းစပ်ခြင်းဆိုင်ရာ အားနည်းချက်ကြောင့်လို့ ယူဆထားပါတယ်။  ၂၀၀၃ ခုနှစ်အတွင်း လူရာပေါင်းများစွာကိုသေဆုံးစေခဲ့တဲ့ Sars ဗိုင်းရပ်စ်ဟာ ACE2 လို့ ခေါ်တဲ့ ပရိုတင်းကို သယ်ဆောင်နိုင်တဲ့ ဆဲလ်ကိုသာ ကူးစက်နိုင်ပြီး ဒီပရိုတင်းဟာ T ဆဲလ်တွေမှာ တော်တော်လေးပါဝင်မှု နည်ပါးတာကို တွေ့ရပါတယ်။ Tဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းအပေါ် နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ခြင်းအားဖြင့် ရောဂါသယ်ဆောင်ခြင်းဖြစ်စဉ်နဲ့ ကုသခြင်းနည်းလမ်းဆိုင်ရာ အတွေ့အကြုံအသစ်တွေကို ရှာဖွေတွေ့ရှိနိုတယ်လို့လည်း သုတေသီတွေက Cellular & Molecular Immunology  ဂျာနယ်ကို ပြောခဲ့ပါတယ်။
11 months Ago
Up