ကိုယ်ခံပညာသိုင်းပေါင်းစုံ

September 15, 2021

တာလီဘန်သိမ်းပြီးနောက် ကဘူးလ်မြို့၌ ကိုယ်ခံပညာသိုင်းပေါင်းစုံ သရုပ်ပြပွဲ ပထမဆုံးကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်အပြီး စက်တင်ဘာ ၁၄ ရက်က မြို့တော် ကဘူးလ်မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ သရုပ်ပြပွဲ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

တာလီဘန်တွေ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်ချိန်က အားကစား ပြိုင်ပွဲ အများအပြားကို ပိတ်ပင်တားမြစ်ခဲ့တာပါ။

တာလီဘန် အားကစားဌာန လက်ရှိ အကြီးအကဲ ဘတ်ရှိုင်းယား ရူဆမ်ဇိုင်လည်း ဒီပွဲကို တက်ခဲ့ပြီး လူငယ်တွေ တိုင်းပြည်က ဂုဏ်ယူရသူဖြစ်အောင် လုပ်ဖို့ အားပေးခဲ့ပါတယ်။

ဒီပွဲမှာ ထိုင်းရိုးရာ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သိုင်းဖြစ်တဲ့ မွေထိုင်း လက်ဝှေ့လည်း ပါဝင်ပြီး ဒီကစားနည်းဟာ အာဖဂန်နစ္စတန်မှာ အင်မတန် လူကြိုက်များပါတယ်။ 

မွေထိုင်းဟာ လွန်ခဲ့တဲ့ နှစ်ရာချီက အနီးကပ် တိုက်ခိုက်ရေး သိုင်းပညာအဖြစ် ထွန်းကားလာခဲ့ပြီး ခန္ဓာကိုယ်တခုလုံးကို လက်နက်အဖြစ် သုံးစွဲတိုက်ခိုက်နိုင်ပါတယ်။

၂၀၁၉ ခုနှစ်က ဥဇဘက်ကစ္စတန် မွေထိုင်းအသင်းချုပ်က ကျင်းပတဲ့ပြိုင်ပွဲမှာ အာဖဂန် မွေထိုင်း တိုက်ခိုက်ရေးသမား ၃ ယောက်ဟာ ရွှေတံဆိပ် ၃ ခုကို ရယူနိုင်ခဲ့ဖူးပါတယ်။

2 years Ago
Up