ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ကိုယ်ကျိုးမကြည့်တဲ့စိတ်ဓာတ်မွေးကြဖို့ ဒီဇင်ဘာလ ၂၅ ရက်မှာ ခရစ္စမတ်သတင်းစကားပါးလိုက်ပါတယ်။
ကြိုတင်သွင်းယူထားတဲ့ ခရစ္စမတ်မိန့်ခွန်းမှာ ဘုရင်မကြီး အဲလိဇဘက်က သန်းချီတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ဒီနှစ်မှာ ခါတိုင်းလို မိသားစုစုံညီ အခမ်းအနားတွေ မလုပ်နိုင်တာကို အသိအမှတ်ပြု ပြောဆိုခဲ့ပေမယ့် အနာဂတ်မှာ ဆုံတွေ့နိုင်မယ့် မျှော်လင့်ချက်တွေ ရှိတယ်လို့ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။
"ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ကြယ်အလင်းရောင်ဟာ သိုးထိန်းတွေနဲ့ ပညာရှိတွေကို ယေရှုမွေးဖွားရာ နေရာဆီလမ်းညွှန်ပေးတယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။ ကိုယ်ကျိုးမကြည့်တဲ့ စိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်ဆိုတဲ့ ခရစ္စမတ်အလင်းရောင်ကို မိမိအနာဂတ်မှာ လမ်းညွှန်ခွင့်ပြုကြပါ" လို့ ဘုရင်မကြီး အဲလိဇဘက်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဘုရင်မကြီးကိုယ်တိုင်လည်း အစဉ်အလာ ခရစ္စမတ်အခမ်းအနားတွေကို ရှောင်ရှားပြီး ဝင်ဆာရဲတိုက်မှာ ကြင်ရာတော် ဖိလစ်မင်းသားကြီးနဲ့အတူ ခရစ္စမတ်ကာလကို တိတ်တဆိတ် ကုန်ဆုံးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 months Ago