ကိုယ်ဝန်ဆောင်ကြံ့မကြီးက တောဘုရင်ခြင်္သေ့ ၃ ကောင်ကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ (ရုပ်သံ)

March 3, 2017

ကိုယ်ဝန်ဆောင်ကြံ့မကြီးက တောဘုရင်ခြင်္သေ့ ၃ ကောင်ကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ (ရုပ်သံ)

ကုန်းနေရေနေသတ္တ၀ါတွေဖြစ်တဲ့ ကြံ့တွေဟာ သာမန်အားဖြင့် ရန်လိုတိုက်ခိုက်တတ်တဲ့ သတ္တ၀ါတွေထဲမှာ မပါဝင်ပေမယ့် တကယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်တွေမှာ ဘယ်လိုတုံ့ ပြန်မလဲဆိုတာက တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ ကုန်းပေါ်က တောဘုရင် ခြင်္သေ့တွေကတော့ အုပ်စုလိုက်တိုက်ခိုက်တဲ့နေရာမှာ တကယ့်ကို နာမည်ကျော်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရေစပ်စပ်ထဲမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင် ကြံ့မကြီးနဲ့ ခြင်္သေ့ ၃ ကောင် ဘယ်လိုရင်ဆိုင်တွေ့ကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိက အက်တိုရှာအမျိုးသားဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာပါ။ ကိုယ်ဝန်နဲ့ မပေါ့မပါးဖြစ်နေခဲ့တဲ့ ကြံ့မကြီးဟာ အလေးချိန်ကို မထိန်းနိုင်ခဲ့ပဲ ရေထဲကနေ ကမ်းပေါ်ကို ရောက်အောင် မတက်နိုင်ခဲ့ပဲ ရှိနေခဲ့ချိန်မှာ ခြင်္သေ့ ၃ ကောင်က ရောက်လာခဲ့ကြတာပါ။ ဒါပေမယ့် ခြင်္သေ့တွေဟာ သူ့အနီးကို ရဲရဲကပ်မသွားနိုင်ခဲ့ပဲ တွန့်ဆုတ်နေခဲ့ကြတာကို တွေ့ရပါတယ်။ အုပ်စုလိုက် ကြံ့မကြီးအနီးကို တိုးကပ်ဖို့ ကြိုးစားလိုက်၊ နောက်ကို ပြန်ရှဲသွားလိုက်နဲ့ အချိန်အတော်ကြာရှိနေခဲ့ပြီး ခြင်္သေ့တွေဟာ ရေစပ်ထဲထိ ဆင်းလာခဲ့ကြချိန်မှာ ရုတ်တရက်ပဲ ကြံ့မကြီးက ကမ်းပေါ်ကို တက်လာခဲ့တာပါ။ အဲဒီအချိန်မှာတော့ တကောင်ချင်းယှဉ်ရင် အရွယ်ပမာဏကွာခြားလှတဲ့ ကြံ့မကြီးနားကို ကပ်မလာရဲတဲ့ ခြင်္သေ့တွေကို ကြံ့မကြီးက ချိုနဲ့ဝှေ့ဖို့ ပြေးပြီး မောင်းထုတ်ခဲ့တာကို တွေ့ရပါတယ်။ တကြိမ်မှာတော့ ခြင်္သေ့တကောင်ဟာ သူ့ကိုယ်ပေါ်ကို တက်ပြီး ကိုက်ဆွဲဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်ကိုယမ်းခါထုတ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားချိန်မှာတော့ ထွက်ပြေးခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ၃ ကောင်စလုံး ကြံ့မကြီးကို မတိုက်ခိုက်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့ရတာကို တွေ့ရမှာပါ။
5 years Ago
Up