ကိုယ်ဝန်ဖျက်ချခွင့်ပြု

A d v e r t i s e m e n t With Us

October 9, 2016

ထိုင်းတွင် ဇီကာဗိုင်းရပ်စ်ကြောင့် သန္ဓေလောင်း ချို့ယွင်းချက်ရှိလျှင် ကိုယ်ဝန်ဖျက်ချခွင့်ပြု

ဗုဒ္ဓဘာသာ ကြီးစိုးတဲ့နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကြောင့် မွေးရာပါ ချို့ယွင်းချက်ရှိမယ့် သန္ဓေသားလောင်းဖြစ်ခဲ့ရင် ကိုယ်ဝန်ကို ဖျက်ချဖို့ ခွင့်ပြုတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အရင်သီတင်းပတ်က ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဦးနှော်က် မဖွံ့ဖြိုး ခေါင်းသေးတဲ့ ကလေးအမှုကို ပထမဆုံး အတည်ပြုခဲ့ပါတယ်။ အမေရိက ဒေသမှာ ဇီကာ ကူးစက်မှု အပြီး အရှေ့တောင် အာရှမှာ ပထမဆုံး တွေ့ရှိမှုလည်းဖစ်ပါတယ်။ ဇီကာ ကူးစက်ခံ မိခင်လောင်းတွေအတွက် လမ်းညွှန်ချက် မူကြမ်းကို ရေးဆွဲဖို့ ကျန်းမာရေး ပညာရှင်တွေ ဒီသီတင်းပတ်မှာ အစည်းအဝေး လုပ်ခဲ့တာပါ။ ဆိုးရွားတဲ့ မွေးရာပါ ချို့ယွင်းချက်ရှိခဲ့ရင် သန္ဓေသား ၂၄ ပတ် အတွင်း ကိုယ်ဝန်ကို ဖျက်ချနိုင်တယ်လို့ ကောက်ချက်ချ ဆုံးဖြတ်ခဲ့ကြပါတယ်။ ခက်ခဲတဲ့ အချက်က ခေါင်းသေးတဲ့ကိစ္စကို ကိုယ်ဝန် နောက်ပိုင်းအချိန်မှာ များသောအားဖြင့် တွေ့ရတယ်လို့ တော်ဝင်ထိုင်း သားဖွားမီးယပ် ကောလိပ် ဥက္ကဋ္ဌ  ပီဆစ်ခ် လမ်ပိကာနွန်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ဒါပေမယ့် အဓမ္မပြုကျင့်ခံရတာ၊ မိခင်ရဲ့ ကျန်းမာရေးကြောင့် အသက်ကယ်ဖို့နဲ့ သန္ဓေသားမှာ ဒေါင်းရောဂါ လက္ခဏာစု ပါလို့ စတဲ့ ခြွင်းချက်တွေ အတွက် ကိုယ်ဝန် ၁၂ပတ် မတိုင်ခင် ဖျက်ချဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့် ကိုယ်ဝန်သက်တမ်း  သီတင်းပတ် ၂၄ ပတ်ထိ အချိန်အတွင်း ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချဖို့ ဆေးရုံက အမှုတခုချင်းအတွက် ဆုံးဖြတ်နိုင် တယ်လို့ သူက ပြောပါတယ်။ ကလေးက ဦးခေါင်းသေးလျက်နဲ့မွေးမလား ဆိုတာ ultrasound ရိုက်ကြည့်ပြီး သိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဆိုပါတယ်။ ထိုင်းအစိုးရကတော့ ကိုယ်ဝန်ဆောင် အားလုံးကို ဇီကာ ရှိ/မရှိ စမ်းသပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံတလွှား ကျန်းမာရေး အာဏာပိုင်တွေက စစ်ဆေးဖို့ မလုံလောက်ဘူးလို့ လည်း ဒေသဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဇန်နဝါရီလက ခုထိ ဇီကာကူးစက်ခံ ၃၉၂ ယောက် ရှိပြီး ကိုယ်ဝန်ဆောင် ၃၉ ယောက် ပါဝင်ပါတယ်။ ဗုဒ္ဓ ဘာသာဝင် ၉၅ ရာခိုင်နှုန်း ရှိတဲ့ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာကို အကုသိုလ် အလုပ်အဖြစ် လက်ခံထားပါတယ်။
4 years Ago
Up