အာဂျင်တီးနားနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကြမ်းကို အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အတွက် သြဂုတ် ၉ ရက်နေ့က မြို့တော် ဗျူနျိုအေးရိစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
၁၄ ပတ် သန္ဓေသားကိုယ်ဝန် ဖျက်ချခွင့်ကို လွှတ်တော်အတွင်း ၁၅ နာရီကြာ အချေအတင် ဆွေးနွေးကြပြီးနောက် ဥပဒေကြမ်းကို အတည်မပြုဖို့ ထောက်ခံမဲ ၃၈ မဲ ကန့်ကွက်မဲ ၃၁ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။
ကတ်သလစ်ခရစ်ယာန် အများစုရှိရာ အာဂျင်တီးနားနိုင်ငံမှာ ဒီကိုယ်ဝန်ဖျက်ချခွင့် အကြောင်းအရာကို အများပြည်သူတွေ အာရုံစိုက်နေတာလည်း ၆ လလောက် ရှိပြီဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်လို့ အဖွဲ့နှစ်ဖွဲ့ ကွဲပြားနေပြီး အစိမ်းရောင်အဖွဲ့ဟာ အမျိုးသမီးအခွင့်အရေး ပိုမိုရရှိရေးကို ထောက်ခံတဲ့အဖွဲ့ ဖြစ်ပါတယ်။
အပြာရောင် အဖွဲ့ကတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေကို ကိုယ်စားပြုတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago