ကိုယ်လုံးတီး

March 15, 2017

လမ်းမပေါ် ကိုယ်လုံးတီးလျှောက်ခဲ့သည့် နိုင်ငံခြားသူကြောင့် ထိုင်းရဲများ အလုပ်ရှုပ်ခဲ့ရ (ရုပ်သံ)

ထိုင်းနိုင်ငံမှာ လမ်းမပေါ် ကိုယ်လုံးတီးလမ်းလျှောက်ခဲ့တဲ့ အမျိုးသမီးတဦးကြောင့် ရဲတွေဟာ အလုပ်ရှုပ်ခဲ့ကြရပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီအမျိုးသမီးဟာ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ လူစည်ကားရာ ခေါက်ဆန်လမ်းမပေါ်မှာ အဝတ်အစားမပါဘဲ ကိုယ်လုံးတီးအနေအထားနဲ့ နေ့ခင်းကြောင်တောင် လမ်းလျှောက်သွားနေခဲ့တာပါ။ သတင်းပေးချက်အရ ရဲတွေရောက်လာချိန်မှာတော့ အဲဒီအမျိုးသမီးဟာ စကားအပြောမခံဘဲ ထွက်ပြေးခဲ့တာပါ။ ရဲတွေဟာ ခုလို ဝစ်လစ်စလစ် အခြေအနေနဲ့ လျှောက်သွားနေတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ရတာဖြစ်ပြီး ရေဒီယိုနဲ့ အချင်းချင်းဆက်သွယ်ကာ အလုပ်တွေ ရှုပ်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကို တံတားတစင်းပေါ်မှာ ဖမ်းမိခဲ့ပြီး သူ့ကို အင်ဒိုနီးရှားလုံချည်စတထည်နဲ့ ပတ်ပေးခဲ့ရတာပါ။ ရဲတွေဟာ သူ့ကို မေးခွန်းတွေ မေးခဲ့ကြပေမယ့် ဘာမှနားမလည်နိုင်ခဲ့တဲ့အတွက် လက်ရှိမှာတော့ ဆေးရုံကို ပို့ဆောင် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ ဒီအဖြစ်အပျက်ကို ဓာတ်ပုံနဲ့ ဗွီဒီယို ရိုက်ယူခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတဦးဖြစ်တဲ့ ဂျက်ခ်ချိုင် ဘန်ယန်ဆကားလ်ကတော့ “အရမ်းပူတယ်။ အဲဒီနေရာမှာ ကမ္ဘာလှည့်ခရီးသည်တွေလည်း အများကြီး ရှိနေတာပါ။ ဒီလမ်းမဟာ ခရီးသွားဧည့်သည်တွေ အဓိက လာရောက်လည်ပတ်ကြတဲ့ နေရာတခုဖြစ်ပြီး ဒီအမျိုးသမီးကတော့ ဘာကြောင့်မှန်းမသိဘဲ ခုလိုလုပ်ခဲ့တာ။ သူဟာ အသက် ၃၀ နဲ့ ၄၀ ကြားရှိမယ်ထင်တယ်။ အင်္ဂလိပ်လိုရော ထိုင်းလိုပါ မေးခဲ့ကြပေမယ့် သူက ဘာမှမဖြေခဲ့တာ” လို့ ပြောပါတယ်။ ချန်နာ ဆောင်ခရန် ရဲစခန်းမှ ပြောရေးဆိုခွင့်ရသူတဦးကတော့ “သူ့ကို စစ်ဆေးမှုတွေအရတော့ တိုက်ခိုက်ခံရတဲ့ သံသယဖြစ်ဖွယ် တစုံတရာ မတွေ့ရပါဘူး။ ခုထိ သူက ဘယ်က၊ ဘယ်သူဖြစ်တယ်ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။ တရက်နှစ်ရက်လောက်ကြာရင်တော့ ဘာဖြစ်ခဲ့သလဲဆိုတာကို ကျနော်တို့ အမြန်ဆုံး ထုတ်ပြန်နိုင်မှာပါ” လို့ ပြောပါတယ်။
5 years Ago
Up