ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည့် ကင်ဂျုံအန်း၏ ကမ်းလှမ်းချက် တောင်ကိုရီးယား ကြိုဆို

January 2, 2018

ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည့် ကင်ဂျုံအန်း၏ ကမ်းလှမ်းချက် တောင်ကိုရီးယား ကြိုဆို

ပြုံချမ်း အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် ကင်ဂျုံအန်းရဲ့ ကမ်းလှမ်းချက်ကို တောင်ကိုရီးယားအစိုးရက ကြိုဆိုကြောင်း ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယား အစိုးရရုံး ပြောခွင့်ရပုဂ္ဂိုလ်က “တောင်ကိုရီးယားအနေနဲ့ ဒီနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် ကမ်းလှမ်းချက်ကို ကြိုဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ကျရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ မျှော်လင့်ပါတယ်။ တောင်ကိုရီးသမ္မတရုံးဟာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ရရှိမယ်ဆိုရင် မြောက်ကိုရီးယားနဲ့ အချိန်မရွေး နေရာမရွေး ဆွေးနွေးဖို့ ဆန္ဒရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ မြောက်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်ခံရပါက နျူကလီးယားလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုကို သတိပေး ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up