ကိုယ့်အားကိုယ်ကိုး

May 1, 2021

ကိုယ့်အားကိုယ်ကိုးပြီး‌ အောင်ပွဲအတွက် ကိုယ်တိုင်ကြိုးစားတော့မယ်လို့ Gen Z တွေ ပြော

စစ်အာဏာရှင်ကို ‌တော်လှန်နေတဲ့ မော်လမြိုင်က Gen Z လူငယ်တွေဟာ မေလ ၁ ရက်နေ့မှာ ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ Gen Z တွေကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အောင်ပွဲအတွက် ကိုယ်တိုင်ကြိုးစားသွားတော့မယ်လို့ ဆိုကြပါတယ်။

မော်လမြိုင်မှာတော့ ဆန္ဒထုတ်ဖော်နေတဲ့ Gen Z လူငယ်တွေကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေက နေ့ရောညပါ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

3 weeks Ago
Up