ကိုမိုးသီးဇွန်

June 8, 2021

ချောင်းဦး သပိတ်ခေါင်းဆောင် ကိုမိုးသီးဇွန် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦး သပိတ်ခေါင်းဆောင် ကိုမိုးသီးဇွန်(ခ)မာန်ဇာမြေမွန်ကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

“အခုမနက်ပိုင်း ၅ နာရီခွဲလောက်က အဖမ်းခံရတာပါ။ သူက ရှောင်နေတာ။ အခုရှောင်တဲ့ရွာမှာ ဖမ်းခံရတာပါ။ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာမှာ သူ အပြင်ခဏထွက်တဲ့အချိန် ရဲကားတွေ မြင်တော့ ပြန်လှည့်သွားတာ သေနတ်ပစ်တယ်။ ဆိုင်ကယ်လဲပြီး အဖမ်းခံရတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ကိုမိုးသီးဇွန်(ခ)မာန်ဇာမြေမွန်ဟာ စစ်အာဏာသိမ်းချိန်ကစလို့  ချောင်းဦးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက သူ့ကို ဧပြီ ၁၇ ရက်နေ့မှာ  ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ပြီး  ဇွန်လ ၈ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

7 months Ago
Up