ကိုမိုဒိုကျွန်း

July 24, 2019

အင်ဒိုနီးရှား နာမည်ကျော် ကိုမိုဒိုကျွန်းကို ဂေဟစနစ်ထိန်းသိမ်းရန် တနှစ်ပိတ်မည်

အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ကိုမိုဒိုကျွန်းကို ၂၀၂၀ ခုနှစ်ကစပြီး လာရောက်လည်ပတ်ခွင့် တနှစ်ကြာ ပိတ်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။ ကိုမိုဒိုကျွန်းမှာ နေထိုင်ကြတဲ့ မျိုးတုံးလုနီးပါးအန္တရာယ် ရင်ဆိုင်နေရတဲ့ ဖွတ်နဂါးတွေနဲ့ ကျွန်းရဲ့ ဂေဟစနစ်ကို ပြန်ပြီးထိန်းသိမ်းဖို့ အခုလို ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ ကိုမိုဒိုအမျိုးသားဥယျာဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကိုမိုဒိုကျွန်းမှာ ကမ္ဘာ့အကြီးဆုံး ဖွတ်မျိုးစိတ်ဖြစ်တဲ့ ဖွတ်နဂါး အကောင် ၁၇၀၀ နေထိုင်နေကြတယ်လို့ တာဝန်ရှိသူက ခန့်မှန်းပါတယ်။ ဆမ်ဘာဝါကျွန်းနဲ့ ဖလော်ရစ်ကျွန်းကြားက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဧရိယာတခုဖြစ်တဲ့ ကိုမိုဒိုအမျိုးသားဥယျာဉ်ကို ၂၀၁၈ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ၁ သိန်း ၇ သောင်းကျော် လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒေသခံတွေက ဆန့်ကျင်ပေမယ့် ကိုမိုဒိုကျွန်းကို တနှစ်ကြာပိတ်ထားမယ့် အစီအစဉ်ဟာ ဖွတ်နဂါးတွေ သဘာဝအလျောက် မျိုးပွားနှုန်း မြှင့်တင်နိုင်ဖို့နဲ့ သမင်၊ ကျွဲနဲ့ ဝက်ဝံရိုင်း စတဲ့ ဖွတ်နဂါးတွေ စားစရာ သားကောင်အရေအတွက် ပြန်တိုးလာဖို့ အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။ အဲဒီဖွတ်နဂါးတွေဟာ အလျား ၁၀ ပေအထိ ကြီးထွားနိုင်ပြီး အရွယ်ရောက်ပြီးသား အထီးဆိုရင် ကိုယ်အလေးချိန် ကီလိုဂရမ် ၇၀ ကနေ ၉၀ ကျော်အထိနဲ့ အမဆိုရင် ကိုယ်အလေးချိန်  ကီလိုဂရမ် ၆၀ ကနေ ၇၀ ကျော်အထိ ရှိနိုင်ပါတယ်။
2 years Ago
Up