ကိုဘီဘရိုင်ယန်

January 29, 2020

ကိုဘီဘရိုင်ယန်၏ရုပ်ပုံဖြင့် NBA လိုဂိုဒီဇိုင်း ပုံစံပြောင်းရန် တောင်းဆို

ရဟတ်ယာဉ်ပျက်ကျ အသက်ဆုံးရှုံးခဲ့ရတဲ့ ဘတ်စကက်ဘော ဂန္ထဝင်ကစားသမား ကိုဘီဘရိုင်ယန်ရဲ့ ရုပ်ပုံနဲ့ NBA လိုဂိုဒီဇိုင်း ပုံစံပြောင်းဖို့ လူပေါင်း ၁ ဒသမ ၈ သန်းလောက်က တောင်းဆိုထားပါတယ်။ ကိုဘီဘရိုင်ယန်နဲ့ သမီးဖြစ်သူဂီယန်တို့ အပါအဝင် ၉ ဦး လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာလီဖိုးနီးယားပြည်နယ်မှာ ပျက်ကျသွားခဲ့တာပါ။ NBA ပြိုင်ပွဲရဲ့ လက်ရှိလိုဂိုဒီဇိုင်းပုံစံဟာ ဘတ်စကက်ဘော ဂန္ထဝင်ကစားသမား ဂယ်ရီဝက်စ်ရဲ့ ဟန်ကို ယူပြီး အသုံးပြုထားတာ ဖြစ်ပါတယ်။ ကိုဘီဘရိုင်ယန်ဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ဘတ်စကက်ဘော စတင်ကစားခဲ့ပြီးတော့ NBA သမိုင်းတလျှောက် အအောင်မြင်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာတော့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ တပွဲတည်းမှာ ၂၅ မှတ်လောက် ရရှိအောင် စွမ်းဆောင်နိုင်သူ ဖြစ်ပြီးတော့ ချန်ပီယံဆု ၅ ကြိမ်၊ အကောင်းဆုံးကစားသမားဆု ၂ ကြိမ်၊ တန်ဖိုးအရှိဆုံး ကစားသမား အပါအဝင် တဦးချင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
1 year Ago
Up